Trending Now

မြန်မာက ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၆၅၀၀၀ ကျော် တင်ပို့

Spread the love

မြန်မာက ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၆၅၀၀၀ ကျော် တင်ပို့

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၇

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဇန်နဝါရီလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် ၁၆၅၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲပြီး အဆိုပါ နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် ၂၅၀,၀၀၀ နှင့် ပြုတ်တန်ချိန် ၅၀,၀၀၀ ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ဝယ်ယူရန် သဘောတူညီခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ကြီးကြပ်မှုအောက်တွင် ကုမ္ပဏီ ၄၈ ခုမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ယွမ်ငွေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀,၀၀၀ တင်ပို့ရန်ရှိနေကြောင်း သိရသည်။

စာချုပ်အရ ဆန်ဖြူ (ATAP) GPCT Broken STX အမျိုးအစားများကို တင်ပို့သွားရမည်ဖြစ်ပြီး FOB ဈေးနှုန်းများမှာ တစ်ကီလိုလျှင် ၂.၇၈၈၅၆ ယွမ်နှင့် တစ်တန်လျှင် ၂၇၈၈.၅၆ ယွမ်ဖြစ်သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။