Trending Now

ယီမင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွက် ပိုမို ထောက်ပံ့ကြရန် ကုလ တောင်းဆို

Spread the love

ယီမင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွက် ပိုမို ထောက်ပံ့ကြရန် ကုလ တောင်းဆို

EPN
နိုင်ငံတကာ၊ ဇွန် ၃

ပြည်တွင်းစစ်ဖြစ်ပွားမှု ကြာမြင့်နေပြီဖြစ်သည့် ယီမင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ပျံ့နှံ့ လာနိုင်သဖြင့် ထောက်ပံ့မှုများ တိုးမြှင့်ပေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

ဆော်ဒီကျောထောက်နောက်ခံသမ္မတ အဗက်ရမ်ဘူ မန်ဆာဟင်ဒီ၏အစိုးရ နှင့် အီရန်ကျောထောက်နောက်ခံပေးထားသည့် ဟူသီ သူပုန်များအကြားတိုက်ခိုက်မှုများ ကြောင့် ယီမင်နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာပြိုလဲပျက်စီးခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိသည်။

ယီမင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၅၈ဉီးရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ထုတ်ပြန်ခဲ့သော်လည်း ယီမင်နိုင်ငံ၏ စမ်းသပ်မှု စွမ်းရည်မလုံလောက်မှုများကြောင့် အရေအတွက် အမှန်ကို မသိရခြင်းဖြစ်ကြောင်း နှင့် အမှန်တကယ်တွင် ကူးစက်ခံရသည့် အရေအတွက်မှာ ထိုထက်ပို၍ များပြားနိုင်သည်ဟု ဆိုသည်။

ဗွီဒီယိုကွန်းဖရန့် နှင့်ပြုလုပ်သည့်အစည်းအဝေးပွဲတွင် ယီမင်နိုင်ငံနှင့်ပတ်သက်ပြီးအရေးတကြီး လိုအပ်ချက်များရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွေးရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။

ယီမင်နိုင်ငံတွင် ရောဂါအတွက် စမ်းသပ်ကိရိယာများနှင့် အခြေခံကာကွယ်သည့် အကာအကွယ်ပစ္စည်းများ ရှားပါးမှုနှင့်ရင်ဆိုင်နေရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

အစည်းအဝေးအတွင်း ဂျပန်နိုင်ငံမှ ဒေါ်လာ ၄၁သန်းကျော်အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၃၅ ဘီလီယံထောက်ပံ့ရန် ကမ္ဘာ့နိုင်ငံများက ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

ယီမင်အစိုးရကို ဆန့်ကျင်သည့် တပ်ဖွဲ့များက ဆော်ဒီအာရေဗျမှ ပူးတွဲကြီးမှူးကျင်းပသည့် အဆိုပါ အစည်းအဝေးပွဲကို ဝေဖန်လျက်ရှိသည်။

ယီမင်နိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အလားအလာကောင်းများ ပျက်စီး ဆုံးရှုံးလာခြင်းနှင့် လူသားချင်းစာနာမှု အခြေအနေများ ယိုယွင်းလာမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများတိုးပွားလာလျက်ရှိသည်။

Ref; UN calls for aid for Yemen’s coronavirus outbreak
ကိုးကား-အန်အိတ်ချ်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။