Trending Now

မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှားသတ္တု တူးဖော်နေ

Spread the love

မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှားသတ္တု တူးဖော်နေ

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှား သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

မိုးမောက်- လွယ်ဂျယ် လမ်းဘေးရှိ လဂတ်တောင်တွင် ဗျင်ဝိုင်ကျေးရွာ ဒေသခံများ ရှောက်ကောစိုက်ပျိုးထား သည့် ဥယျာဉ်ခြံမြေ နေရာများကို KIA က ခုတ်ထွင်ရှင်းလင်းကာ မြေရှားသတ္တု တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေရာတွင် မြေရှားသတ္တုတူးဖော်ခြင်း မပြုလုပ်ရန် ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ကာ ဒေသခံများမှ အကြိမ်ကြိမ် ကန့်ကွက်ခဲ့သဖြင့် KIA/ KIO အရာရှိများမှ လုပ်ငန်းရပ်နားလိုက်ကြောင်း ကြေညာခဲ့သော်လည်း လက်ရှိအချိန်ထိ မြေရှားသတ္တုတူးဖော်ခြင်းကို ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

 

အဆိုပါ မြေရှားသတ္တုတူးဖော်ခြင်းကို KIA က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဗျင်ဝိုင်ကျေးရွာအနီးရှိ ပန်လျှန် (Pan Hlyan) ကျေးရွာ ဒေသခံများကိုလည်း မြေရှားသတ္ထု တူး‌ဖော်မှု ကန့်ကွက်ရေးတွင် မပါဝင်ကြရန် ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်ကလည်း ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲရွာအနီးတွင် မြေရှားသတ္တု တူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံများကို KIA က ဗုံးဖြင့်ဖြိုခွင်းပြီး ဒေသခံ (၅၀) ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။