Trending Now

ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် ရှားရှားပါးပါး ပူးတွဲကြေညာချက် ထရမ့်နှင့် ပူတင် ထုတ်ပြန်

Spread the love

ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် ရှားရှားပါးပါး ပူးတွဲကြေညာချက် ထရမ့်နှင့် ပူတင် ထုတ်ပြန်

EPN
နိုင်ငံတကာ၊ ဧပြီ ၂၆

နာဇီဂျာမနီတို့ကိုချေမှုန်းရန် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဆိုဗီယက်တပ်ဖွဲ့များ ချိတ်ဆက်မှုကို နှစ်နိုင်ငံကြား မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်သည်ဆိုသော ဥပမာတစ်ခုအဖြစ် အမှတ်တရဖြစ်စေသော ရှားရှားပါးပါး ပူးတွဲထုတ်ပြန်ချက်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ က ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်နက်ထိန်းချုပ်မှုများ၊ ယူကရိန်းနှင့် ဆီးရီးယားတွင် ရုရှားနိုင်ငံ၏ စွက်ဖက်မှုနှင့် ရုရှားနိုင်ငံက ကိုရို နာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်သော လုပ်ကြံသတင်းများ ဖြန့်ဝေခဲ့ပြီး အမေရိကန်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများတွင် နှောင့်ယှက်ခဲ့သည်ဆိုသော အမေရိကန်၏ စွဲချက်များအထိ ကိစ္စအမျိုးမျိုးနှင့်ပတ်သက်၍ အ မေရိကန်-ရုရှားဆက်ဆံရေးတွင် တင်းမာမှုများရှိနေစဉ် ထရမ့်နှင့်ပူတင်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ကြေညာချက်ထုတ်ပြန်မည့် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်အစိုးရအဖွဲ့အတွင်း အချေအတင်ပြောဆိုမှု ဖြစ်ပွားခဲ့သည်ဟု ဝေါစထရိဂျာနယ်က ရေးသားခဲ့သည်။ ပူးတွဲထုတ်ပြန်ချက်မှာ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် အရှေ့ဘက်မှချီတက်လာသည့် ဆိုဗီယက်တပ်ဖွဲ့များနှင့် အနောက်ဘက်မှချီတက်လာသည့် အမေရိကန်တပ်ဖွဲ့များ ဂျာမနီနိုင်ငံ၊ Elbe မြစ်ပေါ်ရှိ တံတားတစ်စင်းပေါ်၌ တွေ့ဆုံခဲ့သည့် အမှတ်သညှာဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်မျိုးကို နောက်ဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်မှာ သမ္မတဟောင်း အိုဘားမားက ရုရှား နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ကြောင်း ဝေါစထရိဂျာ နယ်က ရေးသားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ပတ်လည်နေ့ဂုဏ်ပြုရန် မော်စကိုမြို့တော်သို့ သွားရောက် ရန် မျှော်လင့်ခဲ့သည်။

ဒေါ်နယ်ထရမ့်က ပူတင်ကို ချီးမွမ်းခဲ့ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ကာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ပါဝင်စွက်ဖက်မှုအပေါ် ပူတင်၏ငြင်းဆန်မှုကု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။

–ကိုးကား–
တီအာတီဝါး
Ref; Trump and Putin issue rare joint statement promoting cooperation


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။