Trending Now

မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း မြစ်ရေ ၈ ပေခွဲခန့်မြင့်တက်

Spread the love

မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း မြစ်ရေ ၈ ပေခွဲခန့်မြင့်တက်

EPN
မြစ်ကြီးနား၊ ဧပြီ ၃

ကချင်ပြည်နယ၊ မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း ၈ ပေခွဲခန့် မြင့်တက်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မိုးလေဝသ နှင့် ဇလဗေဒဌာန၏ တိုင်းထွာချက်များအရ သိရသည်။

တိုင်းထွာချက်များအရ မြစ်ကြီးနား မြစ်ရေသည် ဧပြီလ ၂ ရက် နံနက်၆ နာရီခွဲ မှ ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်အထိ ၂၅၉ စင်တင်မီတာ ( ၈ပေခွဲခန့် ) မြင့်တက်ခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနမှ ဦးစီး မှူး ဦးနိုင်လင်းထွေးက ၎င်း၏ လူမှုကွန်ရက် တွင် ထုတ်ပြန်ထားသည်။

“အထက်ပိုင်းမိုးရေကြောင့်မြစ်ရေ တက်ခဲ့ခြင်းဖြစ်ပါတယ် မြေနုကျွန်း များပေါ် နှင့်မြစ်ကမ်းဘေးနေထိုင်လုပ်ကိုင်စား သောက်နေကြသောရေလုပ်သားများနှင့် တောင်သူများအတွက် သိသာစေကြရန်နှင့် လိုအပ်သည်များကြိုတင်လုပ်ဆောင်စရာရှိသည်များကိုဆောင်ရွက်ထားရှိ ကြပါရန် အသိပေးနှိုးဆော် လိုက်ပါတယ်ခင်ဗျ” ဟု ဦးနိုင်လင်းထွေးက အသိပေးပြောဆိုထားသည်။

သို့ဖြစ်ပါ၍ ဗန်မော် ၊ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊မန္တလေး၊စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူ ၊ ညောင်ဦး ၊ချောက်၊ မင်းဘူး၊ မကွေး၊အောင်လံ ၊ ပြည် ၊ ဆိပ်သာ ၊ ဟင်္သါတ၊ဇလွန် မြို့ များအားလုံး၏ဧရာဝတီမြစ်ရေ ဆက်လက်၍ ဖြေးဖြေးချင်း ဆက်တက်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့၏အထက်ပိုင်းဒေသများသည့် နောင်မွန်း၊ခေါင်လံဖူး၊ပန်နန်းဒင်၊ပူတာအို ၊မချမ်းဘော့၊ချီဖွေ၊ဆောလော်၊ စတဲ့ ဒေသများတွင် ယခု တစ်ပတ်အတွင်း အထိတိမ်ထူထပ်လျှက်ရှိနေပြီးမိုးအသင့်တင့်ရွာသွန်းနိုင်ကြောင်း သိရသည်။

ကေကေ
Photo – ဦးနိုင်လင်းထွေး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။