Trending Now

Xin an မြစ်ရေအားလျှပ်စစ်စက်ရုံ၏ ရေဘေးကာကွယ်ရေးလုပ်ဆောင်ချက်ကို တရုတ် အစိုးရ ချီးကျူး

Spread the love

 


 Xin an မြစ်ရေအားလျှပ်စစ်စက်ရုံ၏ ရေဘေးကာကွယ်ရေးလုပ်ဆောင်ချက်ကို တရုတ် အစိုးရ ချီးကျူး

EPN
ဆောင်းပါး၊ စက်တင်ဘာ ၁

ဗိုလ်ကျရေးသည်

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရသည် Zhejiang ပြည်နယ်ရှိ Xin an မြစ် ရေအားလျှပ်စစ် စက်ရုံ၏ ရေဘေးကာကွယ်ခြင်းနှင့် ဘေးအန္တရာယ်လျှော့ချခြင်း အကျိုးကျေးဇူးများကို ချီးကျူးထုတ်ဖေါ်ပြောဆိုခဲ့ကြကြောင်း တရုတ်နိုင်ငံပြည်တွင်း မီဒီယာများက ဖေါ်ပြကြသည်။

ယခင် ဇူလိုင်လတွင် Xin an မြစ် ရေအားလျှပ်စစ် စက်ရုံသည် တည်ဆောက်ကတည်းက အကြီးဆုံး ရေကြီးမှုကို တွေ့ခဲ့သည်။ ရေဘေးကာကွယ်ဖြစ်စဉ်အတွင်း Xin an မြစ် ရေအား လျှပ်စစ်စက်ရုံသည် ကာကွယ်မှုဖြစ်စဉ် တစ်ခုလုံးမှာ မြစ်ဝှမ်းဒေသတစ်ခုလုံးရှိ မိုးရေ၊ မြစ်ရေ၏ အခြေအနေကိုစောင့်ကြည့်ပြီး ပြည့်စုံစွာ ကြိုတင်ခန့်မှန်းချက်ကို အမြဲလိုက်နာလုပ်နိုင်ခဲ့သည်။

ရေဘေးကာကွယ်သော အစောပိုင်း စီမံကိန်းအရ မိုးရေ၊ မြစ်ရေနှင့် အလုပ်၏ အခြေအနေ များအလိုက် အချိန်မှီ ဆုံးဖြတ်ချက်ချခြင်းကို အမြဲ လိုက်နာဆောင်ရွက်ခဲ့သည်။ စက်ရုံရှိ ဝန်ထမ်းများ အားလုံး လှုပ်ရှားကြပြီး ဇလဗေဒနှင့် လုပ်ငန်းစီမံခန့်ခွဲမှု စသည့် ပညာရှင်များကို အရှေ့ဆုံးသို့ ခွဲခြား စေလွှတ်သွားပြီးနောက် ကြိုတင် ခန့်မှန်းချက်၊ အစီရင်ခံမှု၊ ပိုင်းခြား ဆုံးဖြတ်ချက်နှင့် ဆုံးဖြတ် ချက်ချခြင်း၊ ညွှန်ကြားချက်အရများကို လိုက်နာ၍  တစ်ဆင့်နှင့် တစ်ဆင့် ချိတ်ဆက်နိုင်ခြင်းကြောင့် အောင်မြင်သည်။

မြစ်ဝှမ်းတစ်ခုလုံးရှိ ရေလှောင်ကန်များ၊ လျှပ်စစ်စက်ရုံများ၊ ရေတံခါးနှင့် ရေလမ်းကြောင်း၏ အခြေအနေကို မျှဝေရေးနှင့်အတူ ထိန်းညှိချက်ကို အမြဲလိုက်နာပြီး ညွန်ကြားချက်များ ချမှတ် လိုက်နာ ဆောင်ရွက်သင့်ကြောင်းကို နည်းလည်ထားကြသည်။

ခန့်မှန်းချက်အရ ဇူလိုင်လ ၄ရက်နေ့ ၈နာရီမှ ၁၄ ရက်နေ့အထိ Xin an မြစ် ရေအားလျှပ်စစ်စက်ရုံသည် ရေလောင်ကန်ရေဝင်ပမာဏ စုစုပေါင်း ၃၉.၁ သန်းတစ်ရာ ကုဗမီတာရှိသည်။ တားဆီးသိုလှောင်သည့် အကြီးဆုံး ပမာဏ ၂၃.၈၂သန်းတစ်ရာ ကုဗမီတာရှိသည်။


Xin an မြစ် ရေအားလျှပ်စစ်စက်ရုံ တားဆီးမှုဖြင့် အဆင့်မြင့်ကာလ ရေအဆံ့အဝင် ၂၃၀၀၀၀ ကုဗမီတာ စက္ကန့်က ၇၇၀၀ ကုဗမီတာစက္ကန့်အထိ လျှော့ကျစေပြီး လျှော့ချမှု ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်း ရောက်ခဲ့သည်။

Xin an မြစ် ရေအားလျှပ်စစ်စက်ရုံသည် စနစ်တကျ ထိန်းညှိ ချက်မှ တစ်ဆင့် ရေကျဒေသ အကျယ်အဝန်း ၁၂၃.၈ စတုရန်းကီလိုမီတာ လျှော့ချစေခြင်း၊ ရေဘေး သင့်ပြည်သူ အယောက် လေးသောင်းကျော် လျှော့ချစေခြင်းရှိသည်။

တစ်ချိန်တည်းမှာ Xin an မြစ် ရေအားလျှပ်စစ်စက်ရုံ တမံ၏ လုံခြုံမှု ထိန်းသိမ်းပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်နိုင်ပြီး ရေဘေး ကာကွယ်ခြင်းနှင့် ဘေးအန္တရာယ်လျှော့ချမှုကို ကောင်းမွန်စေသည်။

Xin an မြစ် ရေအားလျှပ်စစ်စက်ရုံသည် တရုတ်နိုင်ငံ၏ ပထမတစ်ခုဖြစ်သော ကိုယ်တိုင် စစ်တမ်းကောင်ယူခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ ကိရိယာထုတ်လုပ်ခြင်းဖြင့် တည်ဆောက် ထားသော အကြီးစား ရေလျှပ်စစ်ဓာတ်အားစက်ရုံ ဖြစ်ပြီး “ချန်ကျန်း Three George လုပ်ငန်းစဉ်၏ စမ်းသပ်ကွင်း” ဟုခေါ်ကြသည်။ လုပ်ငန်းစဉ်ကို ၁၉၅၇ ခုနှစ် ဧပြီလတွင် စတင်ပြီး ၁၉၆၀ ပြည့်နှစ် ဧပြီလတွင် ပထမဆုံးသော တစ်စင်းစက် လျှပ်စစ်ဓာတ်အား စတင် ထုတ်လုပ်ခဲ့သည်။

 

ဤစက်ရုံသည် တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ၏ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်စွာ ပို့ဆောင်ပေးခြင်း၊ အရေးပေါ်သုံးခြင်း စသည့်အလုပ်တာဝန်ကို ထမ်းဆောင်သည်။ ထို့ပြင် ရေကြီးရေလျှံမှု ကာကွယ်ရေး၊ ရေပေးသွင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စသည့် အထွေထွေ အကျိုးကျေးဇူးရှိပြီး ဒေသတွင်စီးပွားရေးကိုလည်း မြှင့်တင်စေပြီး လူထု၏ နေထိုင်မှု အဆင့်အတန်းလည်းမြှင့်တင်စေသည်။

Xin an မြစ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးနောက် ဖြစ်ပွားလာသော “ကျွန်းထောင် ရေကန်” သည် တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ခရီးသွား ရှုခင်းဇုန်၊ အရည်အသွေးကောင်းသော ရေသန့်ထုတ်လုပ်မှု စခန်းနှင့် ရေချိုငါး မွေးမြူရေးစခန်း ဖြစ်လာသည်။ ၎င်း သည် ကနေဒါအော့တဝါ Kingston တွင် ရှိသော ကျွန်းထောင် ရေကန်၊ ဟူဘေး Huangshiyang ရှင်ရှံတောင် ရေကန် နှင့် အတူ “တစ်ကမ္ဘာလုံး အကြီးဆုံးသော ကျွန်းထောင် ရေကန် သုံးကန်” အဖြစ် လူသိများသည်။

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။