Trending Now

ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို SU-30 တိုက်လေယာဉ်တွေ စတင်ပေးပို့နေဟု သတင်းများထွက်ပေါ်

Spread the love

ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို SU-30 တိုက်လေယာဉ်တွေ စတင်ပေးပို့နေဟု သတင်းများထွက်ပေါ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၅

မြန်မာစစ်တပ်သည် ရုရှားလုပ် တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ် အသုတ်လိုက် ပေးပို့မှုကို စတင်လက်ခံနေပြီဟု စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း ဘန်းကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်က လက်ခံရရှိထားသည့် တိုက်လေယာဉ်များသည် ရုရှားနိုင်ငံ၏ Sukhoi Aviation Corporation မှ ထုတ်လုပ်ကာ ၁၉၉၆ မှ စတင်၍ ရုရှား လေတပ်တွင် အသုံးပြုခဲ့သည့် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး လေကြောင်း အရေးသာမှုနှင့် မြေပြင်တိုက်ခိုက်ရေး တာဝန်များ ထမ်းဆောင်နိုင်ကြောင်း သိရသည်။

ဂြိုလ်တုဒေတာ နှင့် သတင်းရင်းမြစ်များအရ အဆိုပါတိုက်လေယာဉ် အနည်းဆုံး တစ်စင်းသည် နေပြည်တော်မြို့ သို့ စတင်ရောက်ရှိနေပြီဟု အတည်ပြုထားကြောင်း ဘန်းကောက်ပို့စ်သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တိုက်လေယာဉ်သည် မြန်မာစစ်တပ်က ဝယ်ယူရန် သဘောတူညီထားသည့် တိုက်လေယာဉ် ၅ စင်း အနက်မှ ၁ စင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။

မြန်မာစစ်တပ်သည် ၂၀၁၈ ခုနှစ်ကလည်း ရုရှားနိုင်ငံထုတ် SU-30 တိုက်လေယာဉ် ခြောက်စင်းကို ဝယ်ယူထားပြီးဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

— ကိုးကား —
Bangkokposts
ref; Myanmar takes delivery of Russian fighter jets

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။