Trending Now

အိန္ဒိယနိုင်ငံက ပြည်နယ်နှစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အပူးလှိုင်းဒဏ်ကြောင့် လူ ၁၀၀ နီးပါးသေဆုံး

Spread the love

အိန္ဒိယနိုင်ငံက ပြည်နယ်နှစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အပူးလှိုင်းဒဏ်ကြောင့် လူ ၁၀၀ နီးပါးသေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၉

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ်နှစ်ခုမှာ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၉၆ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

သေဆုံးမှုတွေဟာ မြောက်ပိုင်း ဦတာပါဒေ့ရှ် ပြည်နယ်နဲ့ အရှေ့ပိုင်း ဘီဟာ ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းမှုခံစားနေရတဲ့ လူတွေဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဦတာပါဒေ့ရှ် ပြည်နယ်မှာ သေဆုံးသူ စုစုပေါင်း ၅၄ ဦးရှိပြီး ပြင်းထန်တဲ့ အပူဒဏ်က ယခင်ရှိပြီးသား ကျန်းမာရေးအခြေအနေကို ပိုမိုးဆိုးရွားနိုင်တဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေကို အိမ်တွင်းမှာသာ နေထိုင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဦတာပါဒေ့ရှ်ပြည်နယ် ဘောလီယာခရိုင်က ဆေးဘက်ဆိုင်ရာအရာရှိ ရာဒေ့ဗ်က ပြီးခဲ့တဲ့ သုံးရက်အတွင်း အပူဒဏ်ကြောင့် ဝေဒနာသည်လူနာ ၃၀၀ ခန့် ခရိုင်ဆေးရုံကို တက်ရောက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

လူနာအများစုဟာ အသက် ၆၀ နှစ် အထက်ဖြစ်ကြပြီး အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရခက်ခဲခြင်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ကြုံတွေ့ခဲ့ရပြီး အချို့ဒေသတွေမှာ အပူလှိုင်းဖြစ်ပွားမှု ဇွန်လ ၁၉ ရက်နေ့ နှောင်းပိုင်းအထိ ကြာမြင့်နိုင်ကြောင်း အန္ဒိယမိုးလေဝသဌာနက အသိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာ ဧပြီလက ကျင်းပခဲ့တဲ့ အစိုးရပွဲတစ်ခုအတွင်း အပူဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပြီး ပြည်နယ်အချို့က စာသင်ကျောင်းတွေ အားလုံးကို တစ်ပတ်ကြာ ပိတ်ထားခဲ့ရပါသေးတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။