Trending Now

TikTok ဆယ်လီ စားဖိုမှူးနဲ့ပေါင်းပြီး လန်ဒန်မှာ စားသောက်ဆိုင်ဖွင့်မယ့် ရော်နယ်ဒို

Spread the love

TikTok ဆယ်လီ စားဖိုမှူးနဲ့ပေါင်းပြီး လန်ဒန်မှာ စားသောက်ဆိုင်ဖွင့်မယ့် ရော်နယ်ဒို

EPN
အားကစား၊ ဧပြီ ၂

TikTok ဆယ်လီ စားဖိုမှူး အိုဒီမခ် ဘူရက် နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ လန်ဒန်မြို့မှာ တူရကီစားသောက်ဆိုင်သစ် ပူးပေါင်း ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အင်္ဂလန်သတင်း မီဒီယာ တွေမှာဖော်ပြနေပါတယ်။

ဒီသတင်းကို တူရကီအခြေစိုက် The Daily Sabah ကနေ စတင်ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ စားသောက်ဆိုင်ကို အောက်တိုဘာလမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

CZN Burak လို့ လူသိများတဲ့ စားဖိုမှူးဟာ အစားအသောက်မျိုးစုံကို ခပ်ပြုံးပြုံးနဲ့ ချက်ပြုတ်နေတဲ့ ဗီဒီယိုဖိုင်တွေကနေ လူသိများကျော်ကြားလာပြီး လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်လိုဝါ (follower) ၅၇.၁ သန်းထိရှိနေပြီဖြစ်ပါတယ်။

ဂန္တဝင်ဘောလုံးသမားကြီးဟာ ၂၀၂၀ ခုနှစ်တုန်းက တူရကီစားဖိုမှူးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့ဖူးပြီး ဘူရက် ကလည်း ဘရာဇီးလ်ရဲ့ ရော်နယ်ဒင်ညို ၊အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီတို့လို ဂန္တဝင်တွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ဖူးပါတယ်။

အသက် ၂၇ နှစ်သာရှိသေးတဲ့ ဆယ်လီ စားဖိုမှူး အိုဒီမခ် ဘူရက် ကတော့ သူနဲ့ ရော်နယ်ဒိုတို့ ပူးပေါင်းဖွင့်လှစ်မယ့် စားသောက်ဆိုင်နဲ့ပတ်သက်ပြီး “ဒီနှစ် ၁၁ လပိုင်းရောက်ရင် လန်ဒန်မှာ ကျွန်တော်တို့နဲ့ ခရစ်စတီယာနို ရော်နယ်ဒိုတို့ ပူးပေါင်းပြီး စားသောက်ဆိုင်သစ် ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်နေပါတယ် ဖွင့်ပွဲမှာ လှပပြီး အံ့အားသင့်စရာတွေ လုပ်ထားတာကြောင့် အဲ့ဒါနဲ့ ပတ်သက်တဲ့အစီအစဉ်တွေကိုတော့ ကြိုပြီး မပြောပြချင်သေးပါဘူး။”လို့ ဆိုထားပါတယ်။

ဒါက ရော်နယ်ဒိုရဲ့ စားသောက်ဆိုင်လောကထဲကို ဝင်ရောက်မယ့် ပထမဆုံးခြေလှမ်းမဟုတ်ပဲ ၂၀၁၈ တုန်းကလည်း Ibiza မှာ ဂျပန် မြေထဲပင်လယ်စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ဖူးပါတယ်။

Source – 90MIN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။