Trending Now

ထိုင်းရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံသား ရာကျော်ဖမ်းဆီးခံရ

Spread the love

ထိုင်းရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံသား ရာကျော်ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ မတ် ၂၃

မတ် ၂၄ ရက်မှာကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမကျင်းပခင်ရက်ပိုင်းအလိုမှာ  ထိုင်းအာဏာပိုင်တွေက နိုင်ငံအတွင်း ဥပဒေချိုးဖောက်သူတွေနဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၁၄၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။ 

ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  ဘန်ကောက်မြို့ရှိတိုက်ခန်း၊ တည်းခိုးခန်း၊  အပါဝင် နိုင်ငံတဝှမ်းနေရာပေါင်း ၂၂၉ ခုကို စီးနင်းဖမ်းဆီးခဲ့တယ်လို့ထိုင်း  ထိုင်း လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ ဒုရဲချုပ် အစ်တိဖုန်း အိတိစန်ချိုင်းက ပြောပါတယ်။ ဖမ်းဆီလိုက်တဲ့ နိုင်ငံခြားသား (၄၉၀) မှာ မြန်မာနိုင်ငံသား (၁၄၁) ဦး ပါဝင်ကြောင်း ဒုရဲချုပ် အစ်တိဖုန်း အိတိစန်ချိုင်းက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ ဗီဇာရက်ကျော် နေထိုင်နေသူများ၊စာရွက်စာတမ်းမရှိ တရားမဝင် နေထိုင်နေသူ၊ သက်ဆိုင်ရာကို သတင်းပေးဖို့ပျက်ကွက်ခဲ့သူတွေအပြင် မူးယစ်နဲ့မှုခင်းတရားခံတွေ အပြင်ဥပဒေ ချိုးဖေါက်နေသူလည်း ပါဝင်တယ်လို့ ထိုင်းဒုရဲချုပ်ကဆိုပါတယ်။

ထိုင်း လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ ဒုရဲချုပ် အစ်တိဖုန်း အိတိစန်ချိုင်း က ဦးဆောင်ပြီး သတင်းစာရှင်းလင်းခဲ့ရမှာ အစိုးရရဲ့ ဥပဒေနဲ့မညီသူ နိုင်ငံခြားသားတွေအတွက် X-ray စစ်ဆင်ရေးကို ဆက်လက်အကောင်ထည်ဖေါ်နေတယ်လို့ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲကာလ နီးကပ်လာတဲ့အချိန် ထိုင်းအစိုးရ မူခင်းနဲ့ မူးယစ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ ယခု ရက်ပိုင်းအတွင်းမှာ နိုင်ငံခြားသား ၈၄၀၀ ကျော်ဖမ်းဆီးခံရတယ်လို့လည်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
————————————-


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။