Trending Now

လေပိုင်နက် ချိုးဖောက်နေတဲ့ အမေရိကန် ကင်းထောက်လေယာဉ်တွေကို မြောက်ကိုရီးယား သတိပေး

Spread the love

လေပိုင်နက် ချိုးဖောက်နေတဲ့ အမေရိကန် ကင်းထောက်လေယာဉ်တွေကို မြောက်ကိုရီးယား သတိပေး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

လေပိုင်နက်အတွင်းကို ချိုးဖောက်ဝင်ရောက်လာတဲ့ အမေရိကန် ကင်းထောက်လေယာဉ်တွေကို ပစ်ချခံရနိုင်တယ်လို့ မြောက်ကိုရီးယားက ဇူလိုင်လ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ ရန်စတဲ့ စစ်ရေးဆောင်ရွက်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား ပဋိပက္ခဆီ တွန်းပို့နေတယ်လို့ မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကျွန်းဆွယ်အနီးကို ကင်းထောက်လေယာဉ်တွေနဲ့ နျူကလီးယား ရေငုတ်သင်္ဘောတစ်စင်း စေလွတ်ခြင်းဟာ တင်းမာမှုကို မြင့်တက်လာစေတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

“အမေရိကန်လေတပ်ရဲ့ ဗျူဟာမြောက် ကင်းထောက်လေယာဉ်ကို ပစ်ချတာ တုန်လှုပ်ချောက်ချားဖွယ် မတော်တဆမှုမျိုး ဖြစ်မလာဘူးဆိုတာ အာမခံချက်မရှိပါဘူး” လို့ မြောက်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ အမေရိကန် စစ်တပ်ကို တောင်းဆိုခဲ့ပေမယ့် ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ CNA သတင်းက ဖော်ပြထားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ မလိုလားအပ်တဲ့ အခြေအနေတစ်ခုဖြစ်လာပါက အမေရိကန်က သူ့ရဲ့လုပ်ရပ်အပေါ်မှုတည်ပြီး လုံးဝတာဝန်ယူရမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။