Trending Now

တနိုင်းမြို့နယ် တခက်ကျေးရွာနှင့် ခလုံးကျေးရွာကြားတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပြည်သူများ လယ်တောထဲ‌သွားလာရန် ခက်ခဲမှုရှိနေ

Spread the love

တနိုင်းမြို့နယ် တခက်ကျေးရွာနှင့် ခလုံးကျေးရွာကြားတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပြည်သူများ လယ်တောထဲ‌သွားလာရန် ခက်ခဲမှုရှိနေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၄

ကချင်ပြည်နယ် တနိုင်းမြို့နယ် တခက်ကျေးရွာနှင့်ခလုံးကျေးရွာကြား လယ်တောအနီးတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပြည်သူများ လယ်တောထဲ သွားလာရန် ခက်ခဲမှုရှိနေကြောင်း ဒေသခံများထံက သိရသည်။

ယခုအချိန်တွင် ကျေးရွာပြည်သူများမှာ ကောက်စိုက်နေသည့်အချိန်ဖြစ်ပြီး ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်တောထဲကောက်စိုက်သွားလာချိန်တွင် လက်နက်ကြီးများ ထိမှန်မည်ကို စိုးရိမ်ကြောက်ရွံနေကြ၍ မိမိအိမ်တွင်းသာ နေရကြကြောင်း သိရသည်။

အခုတလောက စပါးစိုက်ကြတာ အကုန်လုံး၊ ကျွန်တော်တို့တောင်သူလယ်သမား‌တွေက တစ်နေ့ အလုပ်ကို မလုပ်ပဲ နောက်ကျရင် အဆင်မပြေဘူး၊တနေ့အလုပ်ကို တနေ့ပြီးမှ စပါးအထွက်တွေက ညီတယ်၊ အခုကအဲ့လိုတိုက်ပွဲဖြစ်တော့ ကျွန်တော်တို့က သွားစိုက်လို့မရဘူးလက်နက်ကြီးတွေကျမှာစိုးတယ်၊ အိမ်ထဲမှာပဲခိုနေရတယ်”ဟု ‌တခက်ကျေးရွာရှိဒေသခံတစ်ဦးမှ ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ ပြည်သူများ နေအိမ်၊လူတရိစ္ဆာန်များထိခိုက်သေဆုံးမှုမရှိသော်လည်း ကျေးရွာအနီးတွင်ဖြစ်နေသည့်အတွက် လက်နက်ကြီးများ ကျလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တို့တွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေးအဖွဲ့နှင့်‌ ကေအိုင်အေအဖွဲ့များ တိုက်ပွဲမကြာခဏဖြစ်ပွားနေကြောင်းလည်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။