Trending Now

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် မိသားစုမှ ကိုဗစ်နိုင်တင်း ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်း

Spread the love

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် မိသားစုမှ ကိုဗစ်နိုင်တင်း ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်း

EPN
မြစ်ကြီးနား၊ မေ ၁၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေရန်အတွက် ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် မိသားစုမှ ကိုဗစ်နိုင်တင်း ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် မိသားစုမှ လှူဒါန်းသည့် COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို ဦးမင်းမင်းဦးနှင့်အဖွဲ့က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာနေဝင်းထံသို့ ပေးအပ်ခဲ့ရာ အဆိုပါ ကာကွယ်ရေး ပစ္စည်းများတွင် ရိုးရိုး Mask အခုရေ(၁၀၀၀)၊ Surgical Mask အခုရေ (၄၉၀၀)၊ PPE ဝတ်စုံ အထည် (၁၃၀)၊ သာမိုမီတာ ၂ ကဒ်၊ လက်အိတ် (၈၀၀)၊ အပူချိန်တိုင်းစက် ၁လုံး တို့ပါဝင်ကြောင်း သိရသည်။

“ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က သူ့မဲဆန္ဒနယ်မှာ ကွင်းဆင်းသွားရောက်နေလို့ သူ့ရဲ့ကိုယ်စား လာရောက်ပေးအပ်တာပါ” ဟု ဦးမင်းမင်းဦးက ပြောပြသည်။

လက်ရှိတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်အနေနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကချင်အထူး(၁) ဒေသ၊ ချီဖွေမြို့နယ်နှင့် ကျေးရွာများရှိ ကျန်းမာရေးဌာနများသို့ ဆေးဝါးများနှင့် ထောက်ပံ့ရေး ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများသို့ ထောက်ပံ့ငွေများ ကိုယ်တိုင်ကွင်းဆင်းသွားရောက်ကာ လှူဒါန်းမှု ပြုနေကြောင်း သိရသည်။

“ကျွန်တော့ရဲ့မဲဆန္ဒနယ်မြေအတွင်း မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အခက်အခဲကိုနေမှု ကွင်းဆင်းတွေ့ဆုံမေးမြန်းပြီး တက်နိုင်သည့်ဘက်ကနေ အခုလိုထောက်ပံ့ကူညီပေးဖြစ်တာပါ။ ကျန်တဲ့ ကျေးရွာတွေကိုလဲ သွားရောက်ပြီး လိုအပ်တာတွေ မေးမြန်းကာ တတ်နိုင်သလောက်ဆက်လက်ထောက်ပံ့သွားမှာပါ” လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ​က ဆိုသည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦဇခုန်ယိန်းဆောင် အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်မှ မိဘပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမူကိစ္စများတွင် အစဥ်အမြဲ ကူညီဆောင်ရွက်ပေး​​လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကေတီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။