Trending Now

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် လွှတ်တော်အမတ်ကနေ နှုတ်ထွက်

Spread the love

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် လွှတ်တော်အမတ်ကနေ နှုတ်ထွက်

EPN
နိုင်ငံတကာ၊ ဇွန် ၁၀

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ စိတ်ပျက်နေတာကြောင့် လွတ်တော်အမတ် အဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ကိုဗစ်လော့ဒေါင်းကာလအတွင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ပါတီပွဲကျင်းပခဲ့တာနဲ့ ပတ်သက်လို့ စစ်ဆေးဖေါ်ထုတ်နေတဲ့ ကော်မတီရဲ့ အစီရင်ခံစာကို စိတ်ပျက်မိတာကြောင့် နှုတ်ထွက်ခဲ့တာလို့ ဂျွန်ဆင်က ပြောပါတယ်။

သူမြင်တွေ့ခဲ့ရတဲ့ ဒီအစီရင်ခံစာမှုကြမ်းထဲမှာ ကော်မတီက သူ့ကို မတရားစွပ်စွဲထားပြီး သူ့အသက်မွေးဝမ်းကြောင်းကို အဆုံးသတ်ဖို့ ဖိအားပေးကြိုးပမ်းမှုတွေ ပါဝင်နေတယ်လို့ ဂျွန်ဆင်က စွတ်စွဲခဲ့ပါတယ်။

ကွန်ဆာဗေးတစ် တွေအများဆုံးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက ဂျွန်ဆင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လာမယ့် တနင်္လာနေ့မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လော့ဒေါင်းကာလ ၂၀၂၀ခုနှစ် ဇွန်လမှာ ဘောရစ်ဂျွန်ဆင်က သူ့မွေးနေ့ပွဲကို ဒေါင်းနင်းလမ်းနေအိမ်မှာ ကျင်းပခဲ့တဲ့အတွက် သူနဲ့ အခုလက်ရှိ ဝန်ကြီးချုပ်ဆူးနက် အပါအဝင် အစိုးရထိပ်တန်းအရာရှိကြီးတွေ ဒဏ်ငွေတပ်ခံခဲ့ရပါတယ်။

ဂျွန်ဆင် နှုတ်ထွက်မှုကြောင့် သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ Uxbridge နဲ့ South Ruislip တို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်ပသွားရဖွယ်ရှိနေပါတယ်။

ref; BBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။