Trending Now

အိမ်မဲမြို့နယ်တွင် ဆိုင်ကယ်မောင်းလာသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးအပေါ် ခုတ်လက်စ သစ်ပင်လဲကျ၍ သေဆုံးမှု ဖြစ်ပွား

Spread the love

အိမ်မဲမြို့နယ်တွင် ဆိုင်ကယ်မောင်းလာသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးအပေါ် ခုတ်လက်စ သစ်ပင်လဲကျ၍ သေဆုံးမှု ဖြစ်ပွား

EPN

အိမ်မဲ၊ မေလ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးအပေါ် သစ်ပင်ပိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သေဆုံးသူမှာ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ပျဉ်းမကုန်းကျေးရွာတွင် နေထိုင်သောအသက် ၅၃ အရွယ်ရှိ ဦးမြင့်ခိုင်ဆိုသူဖြစ်ပြီး ပန်းတနော်မှ-ကျုံစိန်ကြီးကျေးရွာလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ခုတ်လက်စသစ်ပင်မှ ၎င်းအပေါ် ပိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ ဖြစ်စဉ်ကမှန်ပါတယ် သစ်ပင်ခုတ်နေတဲ့ချိန်မှာ ဆိုင်ကယ်မောင်းဝင်လာတာပါ။ရုတ်တရက်ဆိုတော့ တားတဲ့ချိန်မရလိုက်ဘဲ မောင်းလာတဲ့ဆိုင်ကယ်ရဲ့အပေါ် လဲကျသွားတာပါ။လူရဲ့ကိုယ်ပေါ်ကို တည့်တည့်ကျတာပါ။သစ်ပင်ကလည်းအပင်ကြီးဆိုတော့ဝိတ်ပါတယ် ဒါ့ကြောင့်သေဆုံးသွားတာပါ။”ဟု အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဦးမြင့်ခိုင်သေဆုံးမှုနှင့်ပတ်သက်၍ သစ်ပင်ခုတ်နေသည့် အသက် ၂၇ နှစ်အရွယ် ကိုကျော်ရဲလင်းကို အိမ်မဲမြို့နယ်၊လူကောင်ကျွန်းနယ်မြေ ရဲစခန်းတွင် (ပ) ၂၀/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ – ကဖြင့်အမှုဖွင့်ဖမ်းဆီးထားကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။