Trending Now

ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာယင်းဂျိုး တရုတ်နိုင်ငံကို သွားရောက်မယ်

Spread the love

ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာယင်းဂျိုး တရုတ်နိုင်ငံကို သွားရောက်မယ်

EPN
နိုင်ငံတကာ၊ မတ် ၂၁

ထိုင်ဝမ်သမ္မတဟောင်း မာယင်းဂျိုးက လာမယ့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကြားက တင်းမာမှုတွေကို ဖြေလျော့ဖို့ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုထားပါတယ်။

ထိုင်ဝမ်ခေါင်းဆောင်ဟောင်းက တရုတ်ပြည်မကြီးနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ကာလတစ်ခုမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း ကျွန်းရဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေကြားမှာ ပြည်မကြီးနဲ့ ကုန်သွယ်ရေးသဘောတူညီချက် မအောင်မြင်ခဲ့တဲ့အတွက် ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

သီးသန့် သွားရောက်လည်ပတ်တာဖြစ်ပေမယ့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုင်ဝမ်သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ မာယင်းဂျိုးရဲ့ ခရီးစဉ်ထွက်ပေါ်လာခဲ့တဲ့အတွက် နိုင်ငံရေးအရ အရေးပါမှုကိုဖော်ပြနေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကို နေ့စဉ်ရက်ဆက် တိုက်လေယာဉ်တွေ စေလွတ်နေသလို နှစ်နိုင်ငံအစိုးရကြား တရားဝင်ဆက်သွယ်မှု ပြတ်တောက်နေချိန်မှာ မား ရဲ့ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။