Trending Now

နာဆာက အစောပိုင်းစကြဝဠာကြီးရဲ့ တစ်စိပ်တစ်ပိုင်း ဓါတ်ပုံတစ်ခုကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

Spread the love

နာဆာက အစောပိုင်းစကြဝဠာကြီးရဲ့ တစ်စိပ်တစ်ပိုင်း ဓါတ်ပုံတစ်ခုကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၂

နာဆာက နှစ်ပေါင်း ၄ ဘီလီယံကျော်က စကြဝဠာကြီးရဲ့ တစ်စိပ်တစ်ပိုင်း ဓါတ်ပုံတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်မှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Webb ရဲ့ First Deep Field လို့အမည်ပေးထားတဲ့ ဂလက်ဆီအစုအဝေး SMACS 0723 ကို ထုတ်ဖော်ပြသခဲ့တာပါ။

အဲဒီဓါတ်ပုံထဲမှာ နဂါးငွေတန်းပေါင်း ထောင်ပေါင်းများစွာကို ပြသထားပြီး ဒါဟာ လူတစ်ယောက်ရဲ့ လက်တစ်ကမ်းအကွာမှာ ကိုဆောင်ထားတဲ့ သဲတစ်ပွင့်စာပမာဏာ ကိုသာ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

စကြဝဠာရဲ့ အစောဆုံး နဂါးငွေ့တန်းတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သုတေသီတွေဟာ ဂလက်ဆီတွေရဲ့ ဒြပ်ထု၊ အသက်အရွယ် နဲ့ သမိုင်းကြောင်းတွေကို မကြာမီ စတင်လေ့လာနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source – NASA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။