Trending Now

အကျင့်ပျက်ချစားမှုစွဲချက်ဖြင့် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီး

Spread the love

အကျင့်ပျက်ချစားမှုစွဲချက်ဖြင့် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီး

EPN
နို်င်ငံတကာ၊ မေ ၂၄

အစ္စရေးနိုင်ငံမှ ဓာတ်အားပေးစက်နှစ်လုံး ဝယ်ယူမှုပါဝင်သော အလွဲသုံးစားမှု၊ အကျင့်ပျက်ချစားမှုနှင့်ပတ် သက်၍ စစ်ဆေးမေးမြန်းရန် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် အသွားအလာကန့်သတ်မှုများကြောင့် သောင်တင်နေခဲ့သည့် သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှ ပြန်လာသော ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်း ပီတာအိုနေးလ်ကို ယမန်နေ့က ပို့မော်စ်ဘီမြို့ ရှိ ဂျက်ဆင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ပီတာကို နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ၄င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် များကြောင့် နေအိမ်၌ နှစ်ပတ်ကြာ သီးသန့်ခွဲနေရမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင် အများအပြား နှုတ်ထွက်မှု ကြောင့် ၂၀၁၉ ခုနှစ်တွင် ရာထူးမှမနှုတ်ထွက်မီ ပီတာက ပါပူအာနယူးဂီနီနိုင်ငံကို နှစ်ပေါင်းများစွာကြာ ဉီးဆောင် ခဲ့သည်။

စုံစမ်းစစ်ဆေးမှုတွင် ပီတာက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန် အစ္စရေးနိုင်ငံမှ ဒေါ်လာ ၁၄ ဒသမ ၂ သန်းဖြင့် ဓာတ်အားပေးစက်နှစ်လုံး ဝယ်ယူမှုပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

လွတ်တော်၏ အတည်ပြုချက် မရယူခဲ့သလို တင်ဒါလုပ်ငန်းစဉ် မဆောင်ရွက်ဘဲ ဓာတ်အားပေးစက်များဝယ်ယူရန် ပီတာက ညွှန်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဉီးက ပြောကြားခဲ့သည်။
အလွဲသုံးစားမှု၊ အာဏာအသုံးပြုမှုနှင့် အကျင့်ပျက်ချစားမှု ပြစ်မှုများကျူးလွန်ခဲ့သည့် ယုတ္တိတန်သော အထောက်အထားများရှိကြောင်း ၄င်းက ဆိုသည်။ ရဲတပ်ဖွဲ့က ပီတာကို အခြားပြဿနာတစ်ခုနှင့်ပတ်သက်၍ ပြီး ခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၄င်းက တရားရုံး၌ ဖြေရှင်းနိုင်ခြင်း ကြောင့် စွဲချက်ကို ပြန်ရုတ်သိမ်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပီတာက ရာထူးမှနှုတ်ထွက်ခဲ့ပြီး သူ၏နေရာတွင် အစိုးရအဖွဲ့ကို သန့်ရှင်းအောင်ပြုလုပ် မည်ဟု ကတိပြုခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျိမ်းစ်မာရာပီကို အစားထိုးခဲ့သည်။

–ကိုးကား–
သည်တိုင်းမ် အော့ဖ်အစ္စရေး
Ref; Former Papua New Guinea PM arrested over purchases from Israel


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။