Trending Now

ပူတာအိုမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေး

Spread the love

ပူတာအိုမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေး

EPN
ပူတာအို၊ မေ ၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စုအတွင်းရှိ ပင်စင်ကျေးရွာနှင့်ဆာရ်ခွမ်ဒမ်း ကျေးရွာနှစ်ရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ အတိုး/အရင်း ပေါင်း ကျပ်သိန်းပေါင်း(၃၈၀)အား ထုတ်ချေးပေးခြင်းကို မေ(၈)ရက် မွှန်းလွှဲ(၁)နာရီကဆာရ်ခွမ်ဒမ်းကျေးရွာ ခန်းမ ဆောင်၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ယင်းမြစိမ်းရောင်းကျေးရွာစီမံကိန်းချေးငွေအား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့် အသင်းသား (၃၃)ဦးအား ကျပ်သိန်းပေါင်း(၁၇၃)သိန်း၊ အရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်မည့် အသင်းသား(၂၀)ဦးအား ကျပ်သိန်း ပေါင်း(၁၆၀)သိန်း၊ အသက်မွေး၀◌မ်းကျောင်းလုပ်ငန်းလုပ်ကိုင်မည့်အသင်းသား (၅)ဦးအား ကျပ်သိန်းပေါင်း (၄၇) သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း(၃၈၀)သိန်းအား ထုတ်ချေးပေးခဲ့ပြီး အရင်းဆပ်ကာလမှာ တစ်နှစ် ဖြစ်ကာ အတိုးနှုန်းမှာ တစ်ရာကျပ်လျှင် တစ်ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ချေးငွေထုတ်ပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ ညွှန်ကြားချက် များ၊ Covid-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ ထုတ်ချေးပေးနိုင်ရန် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့က ခရိုင်/မြို့နယ် ၀န်ထမ်းများနှင့်အတူ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။