Trending Now

မိုင်းနားတွင် ကားပေါ်မှ ပစ္စည်းများခိုးယူသည့် အမျိုးသားတစ်ဦးဖမ်းဆီးရမိ

Spread the love

မိုင်းနားတွင် ကားပေါ်မှ ပစ္စည်းများခိုးယူသည့် အမျိုးသားတစ်ဦးဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇွန်လ ၂၂

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ဘက်ဖိုးပစ္စည်းများခိုးယူသည့်အမျိုးသားတစ်ဦးကို ယနေ့မနက် ၅ နာရီခန့်ကဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုင်းနားကျေးရွာရပ်ကွက်(‌၃)တွင်ရှိသောနေအိမ်တစ်အိမ်အနီး ဘက်ဖိုးစက်ကြီးရပ်နားရာနေရာတွင် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဘက်ဖိုးနှင့်ပက်သက်သောစက်ပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်သည်။

“မနက်အစောကြီး ၅ နာရီလောက်မှာဟုတ်တယ်အသံကြား‌တော့ထကြည့်တာဘက်ဖိုးပစ္စည်းတွေကိုဆိုင်ကယ်ပေါတင်နေတာ၊တစ်ယောက်ကတော့မဖမ်းမိဘူး၊တစ်ယောက်ပဲဖမ်းမိတယ်”ဟု မျက်မြင်တစ်ဦးမှပြောသည်။

၎င်းအမျိုးသားနှစ်ဦး ခိုးယူခဲ့သည့်ဘက်ဖိုးပစ္စည်းအချိန်(၁၀)ခန့် ဆိုင်ကယ်ပေါ်တွင်တင်နေသည့်အချိန် လိုက်လံဖမ်းဆီးခဲ့သော်လည်းအမျိုးသားတစ်ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့်အမျိုးသားတစ်ဦးမှာ အသက်(၂၀)ကျော်ဝန်းကျင်သာရှိပြီး မိုင်းနား‌ကျေး ရွာရှိရပ်ကွက်လူကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

မိုင်းနားကျေးရွာတွင် ယမန်‌နေ့တွင်လည်း နေအိမ်တစ်အိမ်အတွင်းဝင်ရောင်ပြီး ဆိုင်ကယ်တစ်စီးခိုးယူသွားခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။