Trending Now

ရှင်ဗွေယန်မြို့တွင် အအေးပိုလာသည့်အတွက် ဆောင်းတွင်းဝတ် အနွေးထည်များရောင်းအားကောင်းနေ

Spread the love

ရှင်ဗွေယန်မြို့တွင် အအေးပိုလာသည့်အတွက် ဆောင်းတွင်းဝတ် အနွေးထည်များရောင်းအားကောင်းနေ

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၁၀

ကချင်ပြည်နယ် တနိုင်းခရိုင်၊ရှင်ဗွေယန်မြို့တွင် ယခုရက်ပိုင်းအတွင်း အအေးပိုလာသည့်အတွက် ဆောင်းတွင်းဝတ်အနွေးထည်များ ရောင်းအားကောင်းနေကြောင်း ဆောင်းတွင်းဝတ်အနွေးထည် ရောင်းဝယ်နေသူများထံမှ သိရသည်။

ယင်းကဲ့သို့ ရောင်းလိုအားကောင်းရခြင်းမှာ ဆောင်းတွင်းဝင်ခါစဖြစ်သည့်အတွက် ဈေးနှုန်းမတက်မှီ ကြိုတင် ဝယ်ယူသူများ များလာခြင်းဖြစ်ကြောင်း အနွေးထည်နှင့် အဝတ်အစားများရောင်းချသူတစ်ဦးထံမှ သိရသည်။

“ဆောင်းတွင်းဝင်နေပြီဆိုတော့အနွေးထည်တွေဝယ်လာသူများလာတယ်၊ ဈေးကတော့မတက်ဘူး ကျလည်းမကျဘူး၊ပုံမှန်ဈေးနှုန်းပါပဲ ၊နောက်လလောက်ဆိုတော့ဈေးတွေတက်နိုင်တာကြောင့် ကြိုပြီးဈေးမတက်ခင်ဆိုပြီးဝယ်ကြတာ၊ အခုလည်းဆိုင်မှာတင်ထားတဲ့အနွေးထည်တွေကကုန်နေလို့ ပြန်မှာနေရတယ်၊အဲ့လိုတွေမှာတဲ့အခါလမ်းခရီးတွေအဆင်မပြေတာမျိုးရှိတော့ တင်ခဈေးတက်ရင် အဝတ်အစားတွေလည်းဈေးတက်နိုင်တယ်၊အဲ့တာတွေကို သိကြတော့ အခုကတည်းကဝယ်နေကြတာ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရိုးရိုးအနွေးထည်များဝယ်လိုသူများနေသည်သာမက ရိုးရာအင်္ကျီလက်ရှည်၊အနွေးပုံစံရှိသည့် အင်္ကျီများကိုလည်း ဝယ်ယူသူများနေကြောင်း ၎င်းကဆက်ပြောသည်။

“ရိုးရိုးအနွေးထည်တွေကတော့ တစ်ထည်ကို ဈေးအများဆုံးဆိုလို့ ၂၀၀၀၀ လောက်ထိပဲရှိတယ်၊ အင်္ကျီအရည်အသွေးပေါ်မူတည်ပြီးဈေးတော့ကွာတာပေါ့၊အခုက ရိုးရိုးအနွေးထည်ပဲဝယ်ကြတာမဟုတ်ဘူး နာဂရိုးရာ အင်္ကျီလက်ရှည်တွေပေါ့၊အနွေးထည်ပုံစံပါပဲ အဲ့လိုမျိုးအင်္ကျီတွေက တစ်ထည်ကို ၅၀၀၀၀ ကျော်၊ရှိတယ် ၄၈၀၀၀ တန်တွေရှိတယ် အဲ့တာတွေရော အရင်နှစ်ကထက် အရမ်းဝယ်တဲ့သူတွေများလာတယ်၊ အခုလည်းထပ်ပြီး ရိုးရာယက္ကန်းရုံးမှာပြန်မှာထားတယ်၊အဲ့ဒီဝတ်စုံတွေက အနွေးထည်လိုလည်း ဝတ်လို့ရတယ်၊ ပွဲလမ်းသဘင်တွေလည်းဝတ်လို့ရတယ်ဆိုတော့ လူကြိုက်များကြတယ်”ဟု ၎င်းကရှင်းပြသည်။

ရှင်ဗွေယန်တွင် နှစ်စဉ် ဆောင်းရာသီရောက်ပါက ဈေးနှုန်း ချိုသာသော အနွေးထည်များကို အခြေခံလူတန်းစားများသာမက ငွေကြေး တတ်နိုင်သည့် အသိုင်းအဝိုင်းများအထိ ဝယ်ယူဝတ်ဆင်ကြပြီး ဂျင်း၊ သက္ကလတ်၊ လောင်းကုတ်၊ ဂျာကင်၊ ပိုလီဖီးအင်္ကျီ၊ ဘောင်းဘီ၊ ခြုံစောင်အမျိုးမျိုး၊ ခေါင်းစွပ်လက်အိတ်၊ ခြေစွပ်၊ အင်္ကျီအနွေးထည်များမှာ ပုံမှန်ရောင်းချနေကြရပြီး ယခင်နှစ်များထက် ပိုမိုရောင်းကောင်းကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။