Trending Now

မြစ်ကြီးနားမြို၊ အ.ထ.က (၁)ကျောင်းတွင် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ

Spread the love

မြစ်ကြီးနားမြို၊ အ.ထ.က (၁)ကျောင်းတွင် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၁၉

မြစ်ကြီးနားမြို့ အ.ထ.က (၁)ကျောင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ကျရောက်မည့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗားရှင်း (၃၃)နှစ်မြှောက် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်ရှိသော ကလေးသူငယ်များအားလုံး အခွင့်ရေးရရှိစေရန်၊ ကလေးသူငယ်များအား လိင် အကြမ်းဖက်မူမှ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်များကို ခွဲခြားဆက်ဆံရေးမရှိစေရန်၊ ကလေးသူငယ်များရဲ့ထင်မြင်ယူဆချက်များကို အလေးထားစေရန်၊ အသက်ရှင်သန်ခွင့်နှင့် ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ခြင်း၍ ကျင်းပဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၁) မူလတန်းကျောင်းရှိ ကလေးငယ်များမှ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”ဖြင့်ဖျော်‌ဖြေကပြခဲ့ကာ တက်ရောက်လာသော ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ကချင်ပြည်နယ် ဥပဒေချုပ်၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကလေးငယ်များကို ကလေးများနေ့ အမှတ်တရလက်ဆောင်များ ချီးမြင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက်တွင် တက်ရောက်လာကြသည့် မူလတန်းကျောင်း အသီးသီးမှ ကလေးငယ်များမှ သက်ဆိုင်ရာ အက၊ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြ၊ သီဆိုကြပြီး အဆိုပါ ကလေးများနေ့တွင် ကပြဖျော်ဖြေခဲ့ကြသော ကလေးငယ်များကို ဂုဏ်ပြုလက်ဆောင်များနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည့် မူလတန်း၊ မူကြိုကျောင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြင့်ပေးအပ်ခဲ့ကြသည်။

ယင်းအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရဲထွန်း၊ ကချင်ပြည်နယ်ဥပဒေချုပ်၊မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် မူကြိုကလေးငယ်များ၊ မိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကလေးများနေ့ အခမ်းအနားပြီးဆုံးချိန်တွင် တက်ရောက်လာကြသည့် လူကြီးမင်းများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသော မူလတန်းကျောင်းရှိ သားငယ်သမီးငယ်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယင်းကဲ့သို့ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗားရှင်း၊ ကလေးများနေ့ကို ကျင်းပပြုလုပ်ခဲ့သည်မှာ နှစ်စဉ်ကျင်းပလေ့ရှိသည့် အခမ်းအနား တစ်ခုလည်း ဖြစ်သည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။