Trending Now

Facebook တွင် ကြော်ငြာနေသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကုမ္ပဏီများကို ကန့်သတ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

Spread the love

Facebook တွင် ကြော်ငြာနေသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကုမ္ပဏီများကို ကန့်သတ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

EPN
မြစ်ကြီးနား၊ဩဂုတ် ၁၈

Facebookပေါ်တွင် ကြော်ငြာနေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကုမ္ပဏီများကို ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

ယမန်နေ့ နေ့လည် ၁နာရီမှာပြုလုပ်တဲ့ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းsocial media နှင့်စပ်လျဉ်းပြီး ယင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကန့်သတ်မှုတွေဆိုတာသည် ဒီ Facebook Team အနေနဲ့ ဘယ်ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီလောက်ပြလို့ရအောင် ဘယ်ကနေပြီးတော့ ဝင်ငွေတွေ ရရှိနေသလဲဆိုတော့ ဒါ ကြော်ငြာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီ ကြော်ငြာတွေနဲ့ပတ်သက်ပြီးတော့ ကြော်ငြာနေတဲ့သူတွေ၊ ရရှိနေတဲ့သူတွေနဲ့ပတ်သက်ပြီး မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ကုမ္ပဏီများကိုလည်း ကျွန်တော်တို့အနေနဲ့က ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြားခဲ့သည်။

၎င်းအပြင် facebook သုံးစွဲခြင်းသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို မှေးမိန်ပျက်ပြားစေပြီး မြန်မာနိုင်ငံရေးအပေါ်တွင်လည်း များစွာလွှမ်းမိုးထားသည့်အတွက် ၎င်း Facebook နေရာတွင် social media platformတစ်ခု တီထွင်ဖန်တီး‌နေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အများအားဖြင့် နိုင်ငံရေး မငြိမ်မသက်ဖြစ်အောင် လုပ်တာတွေ၊ အခု လောလောဆယ်မှာ ဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မှုတွေကို အများဆုံး လှုံ့ဆော်နေတာသည် Facebook ပေါ်ကပဲ ဖြစ်ပါတယ်၊အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ Social Media Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ကြီးဌာန နှစ်ခု၊ သုံးခု ပေါင်းပြီး၊ ပြီးရင်တော့ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။