Trending Now

နိုင်ငံ၏ ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရန်အတွက် အန္ဒိယက အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၆ သန်း အသုံးပြုမည်

Spread the love

နိုင်ငံ၏ ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရန်အတွက် အန္ဒိယက အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၆ သန်း အသုံးပြုမည်

EPN
နိုင်ငံကတာ၊ ဖေဖော်ဝါရီ ၄

နိုင်ငံ၏ ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရန်အတွက် အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၆ သန်း သုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ကလေး ၈၉ ဦး သေဆုံးရသည့် အိန္ဒိယပြည်တွင်းထုတ် ချောင်းဆိုးပျောက်ဆေးရည်နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာ ပြီးနောက် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယသည် “ကမ္ဘာ့ဆေးဆိုင်” ဟုလူသိများပြီး ၎င်း၏ဆေးဝါးတင်ပို့မှုမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်ဆကျော်တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒဿမ ၅ ဘီလီယံအထိ ရှိခဲ့သည်။

ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ဂမ်ဘီယာနိုင်ငံတွင် အနည်းဆုံး ကလေး ၇၀ ဦး သေဆုံးပြီး ယမန်နှစ်က ဥဇဘက်ကစ္စတန်တွင် ကလေး ၁၉ ဦး သေဆုံးခဲ့သည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သည့် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်နယ်နှင့် နယ်မြေများတွင် စမ်းသပ်စစ်ဆေးခဲ့သော ဆေးဝါးနမူနာပေါင်း ၈၉၀၀၀ တွင် ၂၅၀၀ ကျော်သည် စံနှုန်းများနှင့် မကိုက်ညီသည့်အပြင် ၃၈၀ နီးပါးသည် ဆေးဝါးအတုအယောင်များဖြစ်ကြောင်း သိရသည်။

“နိုင်ငံတွင်း ဆေးဝါးတွေရဲ့ အရည်အသွေးကို သေချာစေဖို့ အစိုးရက အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်” ဟု လွှတ်တော်တွင် အိန္ဒိယ ကျန်းမားရေးဝန်ကြီးက ဖြေကြားခဲ့သည်။

ရန်ပုံငွေများကို မည်သည့်အချိန်တွင် ထောက်ပံ့ပေးမည်၊ မည်သို့အသုံးပြုမည်ကို ချက်ခြင်းမသိရသေးသလို ရိုက်တာသတင်းဌာန၏ ရှင်းလင်းဖြေကြားပေးရန်တောင်းဆိုမှုကိုလည်း ချက်ချင်းတုံ့ပြန်မှုမရှိဟုဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့သည့်လအတွင်း ကလေးငယ်များအား ညစ်ညမ်းဆေးဝါးများ အန္တရာယ်မှ ကာကွယ်ရန် ချက်ချင်း ညှိနှိုင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့ပြီးနောက် အာဖရိကနှင့် အာရှရှိ ကလေး ၃၀၀ ကျော် သေဆုံးခဲ့သည့် ညစ်ညမ်း ချောင်းဆိုးပျောက်ဆေးများ၏ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

ကလေးငယ်များ သေဆုံးမှုနှင့် ဆက်စပ်နေသော ချောင်းဆိုးပျောက်ဆေးရည်များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် သက်ဆိုင်ခြင်းရှိမရှိဆိုသည်ကို ဖြေကြားရန် အိန္ဒိယဘက်က ချက်ချင်းမှတ်ချက်ပေးခြင်းမရှိပေ။

cna
ref; India to spend US$79.6 million to strengthen drug regulatory system

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။