Trending Now

ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံက လက်ခံရရှိ

Spread the love

ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံက လက်ခံရရှိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 ဂျက်တိုက်လေယာဉ် နှစ်စင်းကို ပထမဆုံး တင်ပို့မှု လက်ခံရရှိခဲ့ကြောင်း မြန်မာနိုင်ငံကုန်သွယ်ရေးဝန်ကြီး ချာလီသန်း က ရုရှားနိုင်ငံပိုင် RIA သတင်းဌာနကိုတနင်္ဂနွေနေ့က ပြောပါတယ်။

“လေယာဉ်နှစ်စင်း ပို့ဆောင်ပြီးပါပြီ” လို့ ဗန်လာဒီဗော့စတော့မြို့မှာ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အရှေ့စီးပွားရေးဖိုရမ်ရဲ့ဘေးမှာ ဝန်ကြီးချာလီသန်းက RIA ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရုရှားနိုင်ငံထုတ် Su-30SME တိုက်လေယာဉ် ခြောက်စင်းဝယ်ယူဖို့အတွက် ရုရှားနဲ့ ပြီးခဲ့တဲ့ စတင်ဘာလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ကြောင်း RIA က ပြောပါတယ်။

Su-30SME ဘက်စုံသုံး တိုက်လေယာဉ်တွေဟာ ရန်သူ့ ဝေဟင်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ ကင်းထောက်ဖို့၊ တိုက်ခိုက်ရေးလုပ်ငန်းတွေနဲ့ လေယာဉ်မှူးလေ့ကျင့်ရေးတို့အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့သူ Rosoboronexport က ပြောပါတယ်။

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အရှေ့စီးပွားရေးဖိုရမ်မှာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးသွားမယ်လို့ ဝန်ကြီးချာလီသန်းက ရုရှားနိုင်ငံပိုင် TASS သတင်းဌာနကို သီးခြားပြောကြားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Ref; reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။