Trending Now

အစ္စရေး-ဟားမတ်စ်စစ်ပွဲ update

Spread the love

အစ္စရေး-ဟားမတ်စ်စစ်ပွဲ update

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃

– ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၄၀၀ ခန့် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

– အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄,၇၄၁ ဦး သေဆုံးခဲ့ပြီး ၁၅,၈၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားမတ်စ်တို့ ဦးစီးတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောပါတယ်။

– စစ်ပွဲအတွင်း အစ္စရေး ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၂၁၂ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

– ဂါဇာကမ်းမြောင်က ဆေးရုံတွေမှာ လောင်စာဆီထောက်ပံ့မှု လျော့နည်းလာတဲ့အတွက် မီးဖွားခန်းတွေမှာရှိတဲ့ မွေးကင်းစကလေးငယ် ဒါဇင်ပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ဂါဇာဆရာဝန်တွေက ပြောပါတယ်။

– တရုတ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

– ဝန်ကြီးချုပ် တန်နေရာဟုက အစ္စရေးနဲ့ စစ်ပွဲဒုတိယမျက်နှာစာဖွင့်ခြင်းမပြုလုပ်ဖို့ ဟစ်ဇ်ဘိုလာကို တနင်္ဂနွေနေ့က သတိပေးခဲ့ပါတယ်။
” တကယ်လို့ ဟစ်ဇ်ဘိုလာက စစ်ပွဲမှာ ပါဝင်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ သူတို့ဘဝအတွက် အကြီးမားဆုံး အမှားတစ်ခုဖြစ်လာလိမ့်မယ်။ အစ္စရေးက ဒါကို စိတ်ကူးတောင်မယဉ်နိုင်တဲ့ အစွမ်းသတ္တိတွေနဲ့ တိုက်ထုတ်မှာဖြစ်ပြီး လဘနွန်နိုင်ငံရဲ့ အရေးပါမှုတွေပါ ပျက်ပြားသွားလိမ့်မယ်” လို့ မစ္စတာ တန်နေရာဟုက ပြောပါတယ်။

” မင်းသူငယ်ချင်းတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာ ငါသိပါတယ်၊ ဒါက အရမ်းခက်ခဲတဲ့အရာတစ်ခုပါ၊ ဒါပေမယ့် ငါတို့က ငါတို့ရဲ့ဘဝတိုက်ပွဲ၊ ငါတို့အိမ်အတွက် တိုက်ပွဲဝင်နေတာ၊ အဲဒါဟာ ချဲ့ကားတာမဟုတ်ပါဘူး၊ လွန်လွန်ကဲကဲပြောတာမဟုတ်ပါဘူး၊ ဒါက ဒီစစ်ပွဲပါ။ သတ်တာဖြစ်ဖြစ် မသတ်တာဖြစ်ဖြစ် ငါတို့ရှင်းပစ်ဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။

– အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်းမှာ အီရန်က လက်စားချေမှုနဲ့ ပါဝင်ပတ်သက်လာနိုင်တယ်လို့ အမေရိကန်က မျှော်လင့်ထားပါတယ်။ ” စစ်ပွဲကို အရှိန်မမြင့်ချင်ပါဘူး၊ ကျွန်တော်တို့ရဲ့ တို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ ပစ်ခတ်တာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်လာရင် ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

– ဂျိုးဘိုင်ဒင်က စစ်ပွဲအခြေေနေကို ဆွေးနွေးဖို့အတွက် ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်တွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

– ပြင်သစ်သမ္မတ မက်ခရွန်းနဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် တို့ဟာ အစ္စရေးနိုင်ငံကို လာရောက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

– ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့က တနင်္လာနေ့မှာ အီရန်နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

– ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို တူရကီနိုင်ငံက သမ္မတလေယာဉ်နဲ့ တနင်္ဂနွေနေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

– ဟားမတ်စ်အဖွဲ့က အမေရိကန် ဓားစာခံနှစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ပြီး အဆိုပါဓားစာခံနှစ်ဦးဟာ အစ္စရေးနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

အသက် ၅၂ နှစ်အရွယ် ဂျူဒစ် တိုင်ရာနန်နဲ့ သူမရဲ့ သမီးဖြစ်သူ နာတာလီ ၁၇ နှစ်တို့ဟာ သောကြာနေ့က ဂါဇာကမ်းမြှောင်နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့တွေထံ လွဲပြောင်းပေးအပ်ခဲ့ပြီး နှစ်ဖက်စလုံးက လွတ်မြောက်လာတဲ့ ပထမဆုံး ဓားစာခံတွေအဖြစ် အတည်ပြုပြောကြားခဲ့ပါတယ်။

– ကာတာကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေနဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဘူ ယူဘိုင်ဒါက ပြောကြားခဲ့ပါတယ်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ ဂျိုးဘိုင်ဒင်ရဲ့ သူ့ရဲ့ ဖက်ဆစ်အုပ်ချုပ်ရေးယန္တရားတွေက မှားယွင်းပြီးအခြေအမြစ်မရှိဘူးဆိုတာကို အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာကို သက်သေပြလိုက်တာဖြစ်ပါတယ်။” လို့ ယူဘိုင်ဒါက ပြောပါတယ်။

– အမေရိကန်နဲ့ အီယူတို့က ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သတိပြုမိကြောင်း ပြောကြားခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခြင်းတွေကတော့ ရပ်တန့်သွားခဲ့ပါတယ်။

Ref; aljazeera/ theguardian

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။