Trending Now

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သမီးဖြစ်သူပြော

Spread the love

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သမီးဖြစ်သူပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

အကျဉ်းချခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ လွန်ခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သူ့ရဲ့ သမီးဖြစ်သူက စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။.

“အဖေက ပြီးခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ဘယ်လောက်ကြာမှ ပြန်ကောင်းလာမလဲဆိုတာ ကျွန်မတို့ မသိရသေးပါဘူး” လို့ သူရဲ့ သမီးဖြစ်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို တော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ထိုင်းဥပဒေတွေထဲမှာ အသက် ၇၀ နဲ့အထက်ရှိသူ ဒါမှမဟုတ် ကျန်းမာရေးမကောင်း သူတွေကို လွှတ်ငြိမ်းခွင့်ပေးတဲ့အခွင့်အရေးရှိတဲ့အတွက် တကယ်လို့ သက်ဆင်က ထောင်ဒဏ်ခြောက်လကျခံပြီးရင် ဒီအခွင့်အရေးတွေရဖို့ အရည်အချင်းပြည့်မှီတယ်လို့ အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ အဆိုပါအခွင့်အရေးတွေနဲ့ လုံးဝကိုက်ညီနေပြီး လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အပြီးပြန်လည်လွတ်မြောက်ဖွယ်ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်းမှာ ဖြုတ်ချခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ရပြီး လွန်ခဲ့တဲ့လအတွင်းက နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်ရောက်ရောက်ချင်းမှာပဲ ပြစ်ဒဏ်သုံးခုနဲ့ ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ကို တိုက်ရိုက်ပို့ဆောင်ပေးခံခဲ့ရပေမယ့် နာရီပိုင်းအတွင်းမှာပဲ နှလုံး၊သွေးတိုးရောဂါတွေနဲ့ ရဲဆေးရုံကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဆေးကုသမှုခံယူနေတဲ့ သက်ဆင်ကို ထိုင်းဘုရင်က သူချမှတ်ခံထားရတဲ့ ထောင်ဒဏ်ရှစ်နစ်အစား ၁ နှစ်သာကျခံဖို့ ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၇ နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။