Trending Now

တောင်တရုတ်ပင်လယ် တင်းမာမှုတွေ ဖြေလျှော့ဖို့ ဖိလစ်ပိုင်သမ္မတက တရုတ်နဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြော

Spread the love

တောင်တရုတ်ပင်လယ် တင်းမာမှုတွေ ဖြေလျှော့ဖို့ ဖိလစ်ပိုင်သမ္မတက တရုတ်နဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၉

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက တောင်တရုတ်ပင်လယ်အတွင်း ရေအမြောက်တွေ အသုံးပြုခြင်းနဲ့ သင်္ဘောတွေကို အနှောက်အယှက်ပေးတဲ့ ဖြစ်ရပ်တွေကို တားဆီးဖို့ တရုတ်နိုင်ငံကို တနင်္လာနေ့က တောင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ ရေလမ်းကြောင်းတင်းမာမှုတွေ မဖြစ်ပွားစေဖို့အတွက် တရုတ်နိုင်ငံနဲ့ ဆက်လက်ဆွေးနွေးနေပေမယ့် တရုတ်ခေါင်းဆောင်နဲ့ စကားပြောဖို့အတွက် ရွေးချယ်စရာစကားလုံးတွေ ကုန်ဆုံးနေပြီဖြစ်တယ်လို့ မားကို့စ်က ပြောကြားခဲ့ပါတယ်။

ဂျပန်၊ သြစတြေးလျ၊ အမေရိကန်တို့နဲ့ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ပူးတွဲရေကြောင်းသွားလာမှုဟာ တရုတ်နဲ့ ပင်လယ်ပြင်မှာ ဖြစ်ပွားမှုတွေကို လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်မှာ စစ်သင်္ဘောငါးစင်းပါဝင်တဲ့ “ရေကြောင်းပူးပေါင်းဆောင်ရွက်မှု” ကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပါတယ်။

ယခုသီတင်းပတ်နှောင်းပိုင်းမှာလည်း ဂျပန်၊ အမေရိကန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် ဝါရှင်တန်မှာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်မှာရှိနေတဲ့ တရုတ်သံရုံးကတော့ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။