Trending Now

ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံရသူ ၂၂,၀၀၀ ကို အီရန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

Spread the love

ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံရသူ ၂၂,၀၀၀ ကို အီရန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

EPN
နိုင်ငံတကာ၊ မတ် ၁၄

နိုင်ငံတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ “အဓိကရုဏ်း” အတွင်း ဖမ်းဆီးခံထားရတဲ့ လူပေါင်း ၂၂,၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း အီရန်တရားရေးဌာန အကြီးအကဲက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

မိုရှီးအီဂျေက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အထဲမှာ အချို့ကပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ လူတွေပါဝင်သလို တရားရုံတင်ဖို့ စောင့်ဆိုင်းနေသူတွေပါ ပါဝင်တဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က ကျရောက်ခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေး အောင်ပွဲ ၄၄ နှစ်မြောက် အခမ်းအနားမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို အဆိုပြုခဲ့ပြီးနောက် အခုလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ထားတဲ့ အကျဉ်းသား စုစုပေါင်းဟာ ၈၂,၀၀၀ အထိရှိတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် အာမာနီ ဆိုတဲ့ အမျိုးသမီးငယ်ဟာ တီဟီရန်ဆေးရုံမှာ စက်တင်ဘာ ၁၆ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံအချို့က နိုင်ငံအတွင်း အဓိကရုဏ်းတွေကို လှုံ့ဆော်ခြင်းနဲ့ အကြမ်းဖက်သမားတွေကို ပံ့ပိုးကူညီနေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။