Trending Now

စစ်ကိုင်းမြို့နယ်မှာ သိုးအကောင် ၁၈၀ ကျော် လုယက် ဓားပြအတိုက်ခံရ

Spread the love

စစ်ကိုင်းမြို့နယ်မှာ သိုးအကောင် ၁၈၀ ကျော် လုယက် ဓားပြအတိုက်ခံရ

EPN
စစ်ကိုင်း ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ တလိုင်းကျေးရွာက ဆိတ် ၊ သိုး မွေးမြူရေး လုပ်ငန်းရှင် တဦးထံက သိုးအကောင်ရေ ၁၈ဝ ကျော်ကို မနေ့ ဇွန် ၂၉ ရက် မနက်ပိုင်းက လုယက် ဓားပြအတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” တလိုင်းရွာက မွေးမြူးရေးလုပ်ငန်းရှင် တစ်ဦးရဲ့ သိုးတွေကို အကြမ်းဖက် လူအုပ်စုက လုယူဓားပြတိုက်သွားတာ သိုးအကောင်ရေ ၂ ရာလောက်ရှိမယ် ” လို့ တလိုင်းရွာခံ တယောက်က ပြောပါတယ်။

” မနေ့က မနက် ၇ နာရီဝန်းကျင်က အကြမ်းဖက်သမား အဖွဲ့ခေါင်ဆောင် ကျော်နိုင်ဆိုတဲ့သူက မွေးမြူရေး လုပ်ငန်းရှင် တယောက်ရဲ့ သိုးအကောင် ၁၈၀ ကို အနိုင်ကျင့် လုယူ ဓားပြတိုက်သွားတာလို့ ကနဦး သိထားရတယ် ၊ တလိုင်နယ်ဘက်ကို နယ်မြေရှင်းလင်းနေပါတယ် ” လို့ စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ်ဘက်က ရွာတွေမှာ အုပ်စုဖွဲ့ အကြမ်ဖက်သမားတွေက ဆက်ကြေးကောက်တာ ၊ တောင်သူလုပ်ငန်းခွင်သုံး ကျွဲ နွားတွေကို လုယူတာ အပြင် အိမ်မွေး တိရစ္ဆာန် ကြက် ဝက် ဘဲ ဆိတ် နဲ့ သိုးတွေကို လုယူခံနေရတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။