Trending Now

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်များ အပ်နှံခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

Spread the love

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်များ အပ်နှံခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

EPN
ရန်ကုန်မတ် ၂၈

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင် ရွက်မှုများကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် ဦးမထုနော် ဦးဆောင်သော KIA တပ်မဟာ(၄)နှင့် လက်အောက်ခံ တပ်ရင်းများသည် KIA/KIO အဖွဲ့မှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး ရယူခဲ့သည်။ ယင်းအဖွဲ့အား ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၅)၊ ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA)အဖြစ် ကွတ်ခိုင်မြို့နယ် အတွင်း နေရာချထားပေးကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရနှင့် လက်တွဲ ဆောင်ရွက်စေခဲ့သည်။

ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ငြိမ်းချမ်းရေး ရယူထားသော အထူးဒေသ(၅) (KDA) အဖွဲ့အား ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာလ၂၉ ရက်နေ့တွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့အဖြစ် တရားဝင်ဖွဲ့စည်းခွင့် ပြုခဲ့ပြီး နယ်မြေ အခြေအနေအရ နယ်မြေ လုံခြုံရေး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် စေခဲ့သည်။

၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့၊ စက်တင်ဘာ ၁၂ ရက်နေ့၊ အောက်တိုဘာ ၁၅ ရက်နေ့များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု၊ ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာအနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ ငွေကျပ် ၁၆ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ဖော်ထုတ် သိမ်းဆည်းရမိမှုများ၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ဝန်းကျင်၌ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ တရားမဝင် လက်နက်၊ ခဲယမ်းများအား လည်းကောင်း ဖော်ထုတ်ဖမ်းဆီး ရမိမှုများကို သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အနီးတစ်ဝိုက်ဒေသများမှ တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြား သုံးကြိမ်တိုင်တိုင် ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိခြင်း၊ ဖြစ်စဉ်များတွင် ဖမ်းဆီးရမိ တရားခံများ နှင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တာဝန်ရှိသူအချို့ ပတ်သက်ဆက်စပ်နေခြင်းနှင့် တာဝန်ရှိနေခြင်း၊ ငြိမ်းချမ်းရေး ရယူစဉ်ကပင် ရေရှည်လက်နက် ကိုင်စွဲထားရန် ရည်ရွယ်ချက် မရှိခြင်းတို့ကြောင့် အဖွဲ့အစည်းအတွင်း နေရာအသီးသီး၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိကြသည့် ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တာဝန်ခံ ခေါင်းဆောင်အသီးသီး၏ တာဝန်ယူမှု၊ ရေရှည်အေးချမ်း တည်ငြိမ်စွာဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရားဝင် စီးပွားရေးလုပ်ငန်းတို့ဖြင့်သာ ရပ်တည်လိုမှု စသည့် စိတ်ဆန္ဒများကြောင့် နေရာအလိုက်တာဝန်ခံများ အားလုံး ဆွေးနွေးတိုင်ပင်ကာ တပ်မတော်မှ တာဝန်ရှိသူများသို့ ဆက်သွယ်ညှိနှိုင်းလျက် ၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်းများအား တပ်မတော်သို့ မတ်လ၂၄ ရက်မှ ၂၆ ရက်နေ့အထိ အပြီးတိုင် အပ်နှံခဲ့သည်။

အဆိုပါ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေဖြင့် သာမန်အရပ်သား အနေဖြင့်သာ ရေရှည်တရားဝင် စီးပွားရေး လုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အမြန်ဆုံး ထူထောင်လုပ်ကိုင်ဆောင်ရွက်လိုခြင်း၊ ရှိပြီး ကုမ္ပဏီများဖြင့် နိုင်ငံတော်မှ ခွင့်ပြုသည့် တရားဝင်စီးပွားရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း တပ်မ တော်အနေဖြင့် မိသားစုများ စားသုံးနိုင်ရေး လစဉ်လိုအပ်သည့် ဆန် ၅၅ဝ အိတ်၊ ဆီငါးပီပါ၊ ကုလားပဲ ၅ဝ အိတ်အား ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများ တောင်းခံလာပါက အတိုးမဲ့ချေးပေးရန် စီမံထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။