Trending Now

အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်မည့်သူများ ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ကျောင်းအပ်ရမည်

Spread the love

အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်မည့်သူများ ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ကျောင်းအပ်ရမည်

EPN
နေပြည်တော်၊ ဧပြီ ၃ (၂၀၂၄)

၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်မည့်သူများ ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ကျောင်းအပ်နှံရမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပထမနှစ် အဝေးသင် သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းအပ်မည့်သူများ အနေဖြင့် ယခုနှစ် ဧပြီ ၃၀ ရက်အထိ အပ်နှံနိုင်ကြောင်း သိရသည်။

၎င်းအပြင် ဒုတိယနှစ်နှင့်အထက် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဖေဖော်ဝါရီ ၅ ရက်မှ စတင်ဆောင်ရွက်ရာ ကျောင်းအပ်မည့်သူများ အနေဖြင့် မေ ၁၇ ရက် နောက်ဆုံးထားပြီး ကျောင်းအပ်နှံရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက အသိပေးခဲ့သည်။

ယင်းကဲ့သို့ ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။