Trending Now

အင်းယားကန်ထဲသို့ လူ တစ်ဦး ခုန်ချသွား၊ သက်ဆိုင်ရာမှ ရှာဖွေကယ်ဆယ်ရေးများပြုလုပ်နေ

Spread the love

အင်းယားကန်ထဲသို့ လူ တစ်ဦး ခုန်ချသွား၊ သက်ဆိုင်ရာမှ ရှာဖွေကယ်ဆယ်ရေးများပြုလုပ်နေ

EPN
ရန်ကုန်၊ သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က လူ (၁) ဦး ခုန်ချသွား၍ သက်ဆိုင်ရာမှ ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

လူ (၁) ဦး အင်းယားကန်ထဲ ခုန်ချသွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ် ယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။