Trending Now

တရုတ် ခရီးသည်တင်လေယာဉ်တစ်စင်း အင်ဂျင်မီးလောင်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့

Spread the love

တရုတ် ခရီးသည်တင်လေယာဉ်တစ်စင်း အင်ဂျင်မီးလောင်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

စင်္ကာပူမှာ ဆင်းသက်ခဲ့တဲ့ Air China ဂျက်လေယဉ်ရဲ့ အင်ဂျင်မီးလောင်မှု မီးလောင်မှုကြောင့် ခရီးသည် ကိုးဦး ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။

ခရီးသည် ၁၄၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦးလိုက်ပါလာတဲ့ အဲဘတ်စ် A320 ဟာ တနင်္ဂနွေ့နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ အရေးပေါ်ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်ဟာ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ကနေ စင်္ကာပူနိုင်ငံ ချန်ဒူးမြို့ကို ပျံသန်းလာခဲ့တာဖြစ်ပါတယ်။

အရေးပေါ်ဆင်သက်နိုင်ခဲ့ပြီးနောက် လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေစဉ် မီးခိုးရှူရှိုက်မိခြင်းနဲ့ တွန်းတိုက်မိခြင်းတွေကြောင့် ခရီးသည် ၉ ဦး အနည်းငယ် ဒဏ်ရာရှိခဲ့တယ်လို့ ချန်ဒူးလေဆိပ်က ထုတ်ပြန်ထားပါတယ်။

အင်ဂျင်မီးလောင်မှုကြောင့် မီးခိုတွေထွက်ပေါ်လာချိန်မှာ လေယာဉ်မှုးက အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေကို ငြိမ်ငြိမ်နေဖို့နဲ့ မိမိထိုင်ခုံမှာသာ ထိုင်နေဖို့ ပြောကြားခဲ့တယ်လို့ ခရီးသည်တစ်ဦးက တရုတ်မီဒီယာကို ပြောပါတယ်။

လေယာဉ်ဆင်းသက်ပြီးနောက် ဘယ်ဘက်အင်ဂျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တရုတ်မီဒီယာက ဆိုပါတယ်။ ပဏာမစုံစမ်းစစ်ဆေးမှုအရ အင်ဂျင်အတွင်း စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပွားရခြင်းဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ Air China က တနင်္လာနေ့အစောပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။