Trending Now

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးဗီဇပြောင်းရောဂါပိုးစတင်တွေ့ရှိ

Spread the love

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးဗီဇပြောင်းရောဂါပိုးစတင်တွေ့ရှိ

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁၂

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း BA.4 နှင့် BA.5 ကို စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က သတင်းထုတ်ပြန်ခဲ့သည်။

အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိသူများသည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန် မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ နိုင်ငံအများအပြားတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာမှုကြောင့် စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။