Trending Now

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်း၊ တရုတ်က စောင့်ကြည့်နေတယ်လို့ ဆို

Spread the love

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်း၊ တရုတ်က စောင့်ကြည့်နေတယ်လို့ ဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ်က သင်္ဘော၂ စင်း တနင်္ဂနွေနေ့က ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်က ထုတ်ဖော် ပြောလိုက်ပါတယ်။

တရုတ်စစ်တပ်ကလည်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေကို စောင့်ကြည့်နေပြီး ဘယ်လိုရန်စမှုကိုမဆို ချေမှုန်းဖို့ အသင့်ဖြစ်နေကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ရေတပ်ဟာ အရင်ကတည်းက အဲဒီရေလက်ကြားမှာ သင်္ဘောတွေ မကြာခဏ ဖြတ်သန်းမောင်းနှင်လေ့ရှိပြီး ရေတပ်သင်္ဘော USS Antietam နဲ့ USS Chancellorsville တို့ဟာ အဲဒီရေလက်ကြားမှာ “ပုံမှန်ဖြတ်သန်းသွားလာမှု ” ပြုလုပ်ခဲ့တယ်လို့ အမေရိကန် (၇) အမှတ် ရေတပ်အုပ်စု က ပြောပါတယ်။

ဒါပေမယ့် ဒီလှုပ်ရှားမှုဟာ အခုလအစောပိုင်းတုန်းက ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာနေတဲ့ အချိန်မှာပဲ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေယာဉ် ၂၃ စင်း နဲ့ တရုတ်သင်္ဘော ၈ စင်းတို့ကို တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ထိုင်ဝမ်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။