Trending Now

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူများနှင့် တာဝန်ရှိသူများတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

Spread the love

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူများနှင့် တာဝန်ရှိသူများတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

EPN
မကွေး၊ မတ် ၄ (၂၀၂၄)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ ယမန်နေ့၊ နေ့လည် ၂ နာရီအချိန်က မကွေးမြို့၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်
ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူများနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ မေးခွန်းများ ပေါက်ကြားမှုမရှိစေရေး၊ စာမေးပွဲနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်စေရေးတို့က်ု မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကြီးကြပ်ရေးအဖွဲ့များ အနေဖြင့် စာမေးပွဲခန်းအတွင်းရှိ
ကျောင်းသား၊ ကျောင်းသူများကို သမာသမတ်ရှိရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ စာမေးပွဲ အဖြေလွှာများကို စနစ်တကျ အပ်နှံဆောင်ရွက်ကြရန်နှင့် အမှားအယွင်းမရှိအောင် အထူးကြပ်မတ်
ဆောင်ရွက်ရန်၊ မသမာမှုများ မဖြစ်ပေါ်စေရေးကို အထူးဂရုပြု ဆောင်
ရွက်ကြရန် မှာကြားခဲ့သည်။

၎င်းအပြင် လုံခြုံရေးဆောင်ရွက်ပေးကြမည့် တာဝန်ရှိသူများ အနေဖြင့်လည်းကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး အထူးအလေး
ထား ဆောင်ရွက်ပေးကြရန်နှင့် Grade – 12 စာမေးပွဲသည် ပထမဆုံးကျင်းပ
သည့် စာမေးပွဲ ဖြစ်သည့်အတွက် အမှားအယွင်းမရှိအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများကို ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။