Trending Now

ကျိုင်းတုံမြို့တွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှုဖြစ် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရ

Spread the love

ကျိုင်းတုံမြို့တွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှုဖြစ် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရ

EPN
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းတွင် ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီ ၄၀ အချိန်က ကားနှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဆိုင်ကယ်အား တိုက်သွားသည့် မော်တော်ယာဉ်မှာ ထွက်ပြေးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် လူနာ (၂) ဦးအား တိုင်းနေ နာရေးကူညီမှုအသင်းအဖွဲ့သားများက သွားရောက်ကာ ကျိုင်းတုံဆေးရုံသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။