Trending Now

ကောလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဆက်နွယ်နေတဲ့သူ ၁၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထား

Spread the love

ကောလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဆက်နွယ်နေတဲ့သူ ၁၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထား

EPN

ကောလင်း ၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆက်နွယ်ပတ်သက်နေတဲ့ ဒေသခံ လူ ၁၃ ဦးကို အခုလ ၁၃ ရက် ၊ မနေ့က သက်ဆိုင်ရာကနေ ဖမ်းဆီးလိုက်တယ်လို့ ကောလင်းမြို့ခံတွေထံက သိရပါတယ်။
” ကောလင်းနယ်မှာ မကြာခဏဆိုသလို အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားတယ် ၊ အခု အဖမ်းခံရတဲ့ သူ ၁၃ ဦးက အမည်ပေါက်နေတာ အချိန်ကြာပြီ ” လို့ ကောလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က
” ဖမ်းဆီးရမိတဲ့ လူ ၁၃ ဦးက ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက္မှ ဇော်မင်းအောင်၊ ဇေယျာ (၁) ရပ်ကွက္မှ ဦးစိန်ဝင်း၊ မြောက်အင်းရပ်ကွက်မှာနေကြတဲ့ ဦးအောင်သန်း၊ ဟန်မျိုးစံ၊ ဦးစိုးစိုး၊ ဒေါ်ဝင်းမာစိုး၊ ဒေါ်တင်တင်ဦး၊ ဒေါ်စန္ဒာ၊ မင်းတဲကြီးရပ်ကွက်က နေတဲ့ ဒေါ်ခိုင်ခိုင်သန်း၊ ဒေါ်သန်းလွင်၊ ပြင်ဦးလွင်ရပ်ကွက်နေ ဒေါ်မာလာဝင်း၊ ဦးဝင်းမောင်နှင့် ပင်လည်ဘူးမြို့နယ်၊ နောင်ဘူအင်းကျေးရွာမှ လှတိုး ဆိုသူတို့ဖြစ်တယ် ” လို့ ပြောပါတယ်။

ကောလင်းနယ်မှာ ပြီးခဲ့တဲ့ နှစ်က ဒလန်ရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး လူသတ်မှုတွေ ဖြစ်ပွားခဲ့ရာ နည်းမျိုးစုံနဲ့ အသတ်ခံရသူ ၅ ဒါဇင်ထက်မနည်း ရှိခဲ့ပြီး ၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူ ၃ ဒါဇင်နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။