Trending Now

မဲခေါင်မြစ်အတွင်းက ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးကို ကမ္ဘောဒီးယား ရွာသားတွေ ဖမ်းမိ

Spread the love

မဲခေါင်မြစ်အတွင်းက ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးကို ကမ္ဘောဒီးယား ရွာသားတွေ ဖမ်းမိ

EPN
နိုင်ငံတကာ၊ ဇွန် ၂၁

မဲခေါင်မြစ်အတွင်းကနေ ခရစ္စတင်း ဘိုရာမီ လို့ ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးကို ကမ္ဘောဒီးယား ရွာသားတွေက ဖမ်းဆီးရမိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

လေးမီတာ (၁၃ ပေ) ရှည်လျားပြီး အလေးချိန် ၃၀၀ ကီလိုဂရမ် (၆၆၁ ပေါင်) ရှိတဲ့ ငါးပုစွန်တစ်ကောင်ကို ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ Koh Preah ကျွန်းအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ခရစ္စတင်း ဘိုရာမီ (Christened Boramy) ခေါ် ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးကို သိပ္ပံပညာရှင်တွေက ငါးရဲ့ လှုပ်ရှားမှုတွေနဲ့ အပြုအမှုတွေကို စောင့်ကြည့်လေ့လာဖို့အတွက် အီလက်ထရွန်းနစ် စနစ်နဲ့ အမှတ်အသားပြုလုပ်ပြီး မြစ်ထဲကို ပြန်လွတ်ပေးခဲ့ပါတယ်။

“ဒါက ကမ္ဘာ့အကြီးဆုံးငါးဖြစ်လို့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းပါပဲ မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ အခုလို ငါးတွေ ကျန်းမာနေသေးတယ်ဆိုတာက စိတ်လှုပ်ရှားစရာသတင်းတစ်ခုလည်းဖြစ်ပါတယ်။” လို့ ဇီဝဗေဒပညာရှင် Zeb Hogan ကပြောပါတယ်။

အခုတစ်ကြိမ် ဖမ်းဆီးရမိခဲ့တဲ့ ဘိုရာမီငါးကြီးဟာ ၂၀၀၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ ၂၉၃ ကီလိုဂရမ် အလေးချိန်ရှိ ဧရာမငါးခူတစ်ကောင် နဲ့ စံချိန်အတူတူဖြစ်တယ်လို့ ဆိုပါတယ်။

မဲခေါင်မြစ်ဟာ ကမ္ဘာ့တတိယမြောက် ငါးမျိုးကွဲအများဆုံးရှိတဲ့ မြစ်တစ်ခုဖြစ်ပေမယ့် ငါးအလွန်အကျွံဖမ်းဆီးတာတွေ၊ လေထုညစ်ညမ်းတာတွေ၊ မြစ်ရေနောက်ကျိလာမှုတွေကြောင့် ငါးမျိုးစိတ်တွေဟာ ရှင်သန်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။