Trending Now

ကချင်ပြည်နယ် လွယ်ဂျယ် နဲ့ ကံပိုင်တည် နယ်စပ်စခန်းကနေ တစ်ပတ်အတွင်း ပို့ကုန် ဒေါ်လာ ၅ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့

Spread the love

ကချင်ပြည်နယ် လွယ်ဂျယ် နဲ့ ကံပိုင်တည် နယ်စပ်စခန်းကနေ တစ်ပတ်အတွင်း ပို့ကုန် ဒေါ်လာ ၅ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၉

ကချင်ပြည်နယ် လွယ်ဂျယ်နဲ့ ကံပိုင်တည်နယ်စပ်ကနေ တစ်ပတ်အတွင်း တရုတ်နိုင်ငံကို တစ်သျှူးငှက်ပျော နဲ့ အင်ကြင်းကျောက်အပါအဝင် ပို့ကုန် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ဖိုး တင်ပို့ခဲ့တယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။

ကချင်ပြည်နယ် လွယ်ဂျယ်နဲ့ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေတစ်ဆင့် သြဂုတ်လ ၂၇ ရက် ကနေ စက်တင်ဘာလ ၂ ရက်နေ့အတွင်း တစ်သျှူးငှက်ပျော၊ ဆန်၊ နှမ်းနက်၊ ပဲတီစိမ်း နဲ့ အင်ကြင်းကျောက်တွေ တင်ပို့ခဲ့ပြီး စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၇၀၅၁ ဒဿမ ၆၉ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၂ သိန်း ၂ သောင်းကျော် ရှိခဲ့ပြီး ကံပိုင်တည်နယ်စပ် စခန်းမှာတော့ တင်ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၂ သိန်း ၉ သောင်းကျော် အထိရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်း သွင်းကုန်တင်သွင်းမှုကတော့ လွယ်ဂျယ်နယ်စပ်က တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်းကျော်နဲ့ ကန်ပိုက်တီးနယ်စပ်က ကန်ဒေါ်လာ ၁ သိန်းကျော် ရှိခဲ့ပြီး စက်နဲ့ စက်ပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်း၊ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်း၊ မြေဩဇာ၊ လယ်ထွန်စက်၊ ဆပ်ပြာစတာတွေ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ကနေ ၂၆ ရက်အတွင်း ပို့ကုန်တင်ပို့မှုပမာဏဟာ ကန်ဒေါ်လာ ၂ သိန်း ၁ သောင်းကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။