Trending Now

အစ္စရေးက ဒေါ်လာ ၃ ဘီလီယံ သဘောတူညီချက်နဲ့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူဖို့ပြင်

Spread the love

အစ္စရေးက ဒေါ်လာ ၃ ဘီလီယံ သဘောတူညီချက်နဲ့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူဖို့ပြင်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃

အစ္စရေးက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူညီချက်နဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၂၅ စင်းကို ဝယ်ယူဖို့ အတည်ပြုခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

Lockheed Martin (LMT.N) ထုတ်လုပ်တဲ့ လေယာဉ် ၂၅ စင်း ဝယ်ယူမှုအရ အစ္စရေးလေတပ်မှာ F-35 ၇၅ စင်းအထိ ရှိလာမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဝယ်ယူမှုကို လာမယ့် လတွေအတွင်း အဆုံးသတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အစ္စရေးက အမေရိကန်ကနေ လက်ခံရရှိတဲ့ ကာကွယ်ရေးအကူအညီကတဆင့် ဝယ်ယူမှုကို ငွေကြေးထောက်ပံ့သွားမှာဖြစ်ပြီး Lockheed Martin နဲ့ အင်ဂျင်ကို ထုတ်လုပ်သူ Pratt & Whitney တို့ က ဂျက်လေယာဉ် အစိတ်အပိုင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ အစ္စရေးကုမ္ပဏီတွေ ပါဝင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

“သဘောတူညီချက်အသစ်အရ လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အမေရိကန် နဲ့ အစ္စရေးကာကွယ်ရေး ကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ အစ္စရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

အစ္စရေးဟာ F-35 တိုက်လေယာဉ်တွေကို အမေရိကန်ပြင်ပမှာ ပထမဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၈ မေလမှာ တိုက်ခိုက်ရေးအတွက် စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။