Trending Now

မြင်းခြံမြို့၌ အမျိုးသားတစ်ဦး လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မြင်းခြံမြို့၌ အမျိုးသားတစ်ဦး လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြင်းခြံ၊ ဇန်နဝါရီ ၁၁ (၂၀၂၄)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပင်လယ်ကျေးရွာအနီး ဆီမီးခုံ – နဘူးအိုင်သွား ကားလမ်းပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၁၁ နာရီအချိန်က အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ် ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသူသည် အသက် ၅၀ နှစ်အရွယ် ဥဒယကျေးရွာနေ ဦးပြည့်သိန်းဦး (ခ) ကိုမဲ ဖြစ်ပြီး၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများ၊ နားရွက်နှစ်ဖက်ပြတ်ထွက်ဒဏ်ရာများ၊ ဆီးခုံအောက်ကျည်ဖောက်ဝင်ဒဏ် ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သေနတ်ဒဏ်ရာတွေနဲ့ တစ်ခါတည်းသေဆုံးသွားတာ။ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို လမ်းသွားလမ်းလာ တစ်ယောက်ကတွေ့လို့ အကြောင်းကြားတဲ့အတွက် လုံခြုံရေးအဖွဲ့က သွားပြီးစစ်ဆေးခဲ့တာပါ။ ရုပ်အလောင်းကို ဆေးရုံပို့ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက်သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခွဲကျော်ခန့်ကလည်း နွားထိုးကြီးမြို့ နယ်၊ ဇေဒိတ်ကျေးရွာ၏ ကျေးရွာစာသင်ကျောင်း အနီး၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ဝင်းကို ကြိုးဖြင့်တုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသေးကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။