Trending Now

ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ

Spread the love

ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ကချင်ပြည်နယ် အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၊ သီရိပျံချီ ဦးဇခုန်တိန့်ယိန်း၏ ငြိမ်းချမ်းရေး စွမ်းဆောင်မှုများ၊ ဒေသအကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်မှုများကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသည့်အနေဖြင့် ယခုနှစ်အတွင်း ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲ့ များ ချီးမြှင့်ခံရသည့်အတွက် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S) မှ အထူးဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း သတင်းစကားကို ဤသဝဏ်လွှာဖြင့် ရင်းနှီးလှိုက်လဲစွာ ဂုဏ်ပြုပေးပို့အပ်ပါသည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ် အထူးဒေသ(၁)အတွင်း ဒေသတည်ငြိမ်အေးချမ်းသာယာရေး အပြင်၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး စသည့် ကဏ္ဍများအား စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့မှု များကြောင့် ကချင်ပြည်နယ် အထူးဒေသ(၁) သည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာသည်ကို မျက်မြင်တွေ့ရှိ ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့ စသည့် ဂုဏ်ထူး ဆောင်ဘွဲ့ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်း ဖြစ်ပါသည်။ ထို့အပြင် ဒေသခံ တိုင်းရင်းသား လူမျိုးများနှင့် အထူးသဖြင့် ကချင်ပြည်နယ် အတွင်းရှိ သျှမ်းမျိုးနွယ်စုများအား မကြာခဏတွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်ကို ကျေးဇူးအထူး တင်ရှိပါကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါသည်။

ကချင်ပြည်နယ် အထူးဒေသ(၁)တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုတို့သည် တစ်ပြည်နယ်ထဲဖွား တိုင်းရင်းသားများ ဖြစ်ကြသည့်အပြင် ရိုးရာယဉ်ကျေးမှု၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး စသည့်ကဏ္ဍများ၌ နှစ်ဦးနှစ်ဘက် အပြန်အလှန် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကောင်းများ ရှိကြပါသည်။ ထိုရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကောင်းများကို အခြေခံ၍ ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၊ သီရိပျံချီ၊ ဦးဇခုန်တိန့်ယိန်း၏ ဆက်လက် ဆောင်ရွက် သွားမည့် ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသတွင်း လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များအား မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ (S.E.A.S) အနေဖြင့် ဆက်လက်၊ ထောက်ခံ၊ အားပေး၊ လက်တွဲ ဆောင်ရွက်သွားပါမည်။

ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်း အနေဖြင့် ကချင်ပြည်နယ် အထူးဒေသ(၁)အား ယခုထက်ပိုမို ဆထက်ထမ်းပိုး ဆောင်ရွက် နိုင်ပါစေကြောင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် မိသားစုနှင့်အတူ အသက်ရာကျော်ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုပြုရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့ ဂုဏ်ပြုအပ်ပါသည်။

ဗဟိုကော်မတီ
မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S)
ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။