Trending Now

လပွတ္တာမြို့နယ်မှာ မုန်တိုင်းမိုးဒဏ်ကြောင့် နေလှန်းဆား လုပ်ကွက် အများအပြား ပျက်စီး

Spread the love

လပွတ္တာမြို့နယ်မှာ မုန်တိုင်းမိုးဒဏ်ကြောင့် နေလှန်းဆား လုပ်ကွက် အများအပြား ပျက်စီး

EPN
လပွတ္တာ၊ မတ်လ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ မတ်လ အတွင်း ရွာသွန်းခဲ့သော မုန်တိုင်းအရှိန်နဲ့ မိုးဒဏ်ကြောင့် နေလှန်းဆားလုပ်ကွက် အများအပြား ပျက်စီးခဲ့တယ်လို့ ဆားလုပ်ငန်း လုပ်ကိုင်သော ဒေသခံတောင်သူ များထံက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေ စတင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းဟာ ဧရာဝတီတိုင်းဒေသကြီးကို မတ်လ ၂၂ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းရဲ့အရှိန်နဲ့ မတ်လ ၂၄ ရက်အထိ မိုးတွေ ရက်ဆက်ရွာ သွန်းမှုရှိခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီမိုးဒဏ်ကြောင့် ယခုနှစ်ဆားထုတ်လုပ်ဖို့ ပြင်ဆင် နေတဲ့တောင်သူတွေရဲ့ ဆားကြမ်းလုပ်ကွက်တွေရေများ ဝင်ရောက်လာပြီး ဆားလုပ်ကွက် အများအပြား ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

“ဆားလုပ်ငန်းစတင် အချိန်မှာ ဆားကွက်ထဲမိုးရေတွေ ဝင်ကုန်တော့ ဆားကိုအပြည့်အ၀ ကျုံးယူမရတော့ဘူး ဖြစ်နေတယ်။ ရက်ဆက်မိုးရွာတဲ့ ဒဏ်ကိုခံခဲ့တာဆိုတော့ ငါးပိသာချိန်တစ်သိန်းကျော်ကျော်လောက်အထိဆုံးရှုံး ခဲ့ရတယ်။ ဒီနှစ်ပြည်တွင်းဆားဈေးကလည်း ကျနေတော့ အတော့်ကို အခက်အခဲနဲ့ကြုံနေရတယ်။”လို့ လပွတ္တာက ဆားလုပ်ငန်းရှင် ကိုဇေဇေက ပြောပါတယ်။

အဲ့ဒီမိုးရွာတဲ့ဒဏ်ကြောင့် လပွတ္တာမြို့နယ်က ဆားလုပ်ငန်းရှင် ၁၈ ဦးရဲ့ ဆားပိဿာချိန် ၉ သိန်း လောက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒီနှစ်ဆားလုပ်ငန်းလုပ်ကိုင်သည့် လက်မှာဆားကြမ်း တစ်ပိဿာ ကို ငွေကျပ် ၁၅၀ မှ ၂၅၀ အထိသာရရှိနေတဲ့ အတွက် မိုးဒဏ်ခံရ၊ လုပ်သားခ၊ စက်သုံးဆီဈေးတက်တွေ နဲ့ နှိုင်းယှဉ် တွက်ချက်ရင် ဒီနှစ်ဆားလုပ်ငန်းမှာ အရှုံးတွေပြနေတယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့နယ်မှာ ဆားထုတ်ရာသီ စတင်တဲ့ ဒီဇင်ဘာလမှ စတင်လို့ ဆားကွင်းများသို့ ပင်လယ်ရေများ သွင်းကြပြီး လက်ရှိမှာတော့ ဆားကွက်မှာ နေလှန်းဆားများ ကို စတင်ကျုံးယူနေတယ်လို့ သိရပါတယ်။

သတင်း – သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။