Trending Now

ပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ PDF ကို ကူညီထောက်ပံပေးဖို့ ပစ္စည်းတွေသယ်ယူလာတဲ့ လူ ၃ ဦးကို လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီး

Spread the love

ပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ PDF ကို ကူညီထောက်ပံပေးဖို့ ပစ္စည်းတွေသယ်ယူလာတဲ့ လူ ၃ ဦးကို လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီး

EPN
ပခုက္ကူ ၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ရွာသာ (တောင်)ရွာအနီး ပခုက္ကူ – ဆိပ်ဖြူကား လမ်း ၊ မီးရထားကုန်းကျော်နေရာမှာ ဖေဖော်ဝါရီ ၂၇ ရက် ၊ မနေ့က မနက်ပိုင်းမှာ PDF အဖွဲ့ဆီ ကူညီထောက်ပံ့ပေးဖို့ ပစ္စည်းတွေသယ်ယူလာတဲ့ လူ ၃ ယောက်ကို လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

” အကြမ်းဖက်အဖွဲ့ကို ထောက်ပံပေးဖို့ ပစ္စည်းတွေသယ်ယူလာတဲ့ လူသုံးယောက်ထဲမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာနဲ့ သားဖွားဆရာမ ပါတယ် ” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ကူညီထောက်ပံ့သူတွေကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်ပြောတာက ” မြစ်ခြေကျေးရွာဘက်မှာ ပခုက္ကူမြို့ဘက်သို့ မောင်းနှင်လာသောဆိုင်ကယ်အားရပ်တန့်စစ်ဆေးခဲ့ရာ ဆက်နိုင်ထူး(CDM ကျောင်းဆရာ)၊ တင်တင်ထွေး(CDM သားဖွားဆရာမ)၊ ဝင်းမင်းအောင်တို့ ၃ ဦးအား PDF များဝတ်ဆင်လေ့ရှိသည့် အင်္ကျီလက်ရှည်(အနက်) ၈၄ ထည်၊ အားကစား ဘောင်းဘီ(အတို) ၆၄ ထည်၊ Power Bank ၁ ခု၊ ဆေးမျိုးစုံ ၁၀ ဗူး၊ လက်တော့ ၁ လုံး၊ Itel အမျိုးအစား ၁ လုံးတို့နှင့်အတူ ဖမ်းမိခဲ့တာ ” လို့ ပြောပါတယ်။

ပခုက္ကူမြို့ဟာ ချင်းပြည်နယ် တောင်ပိုင်းရဲ့ ကူသန်းသွားလာရေး တံခါးဝ မြို့တမြို့ဖြစ်သလို PDF အဖွဲ့တွေ အားကောင်းတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်ရဲ့ ဆက်သွယ်ရေး ပင်မ လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။