Trending Now

အိန္ဒိယအရှေ့မြောက်ပိုင်းမှာ နေရာယူထားပြီး အိန္ဒိယကို တရုတ်တပ်ဖွဲ့တွေ စိန်ခေါ်နေ

Spread the love

အိန္ဒိယအရှေ့မြောက်ပိုင်းမှာ နေရာယူထားပြီး အိန္ဒိယကို တရုတ်တပ်ဖွဲ့တွေ စိန်ခေါ်နေ 

EPN
နိုင်ငံတကာ၊ မေ ၂၇

အရှေ့ဘက်လာဒါမှာရှိပြီး နွေဦးရာသီအပူပိုင်းနေရာတွေလို့အသိများတဲ့ ဂါလွမ်တောင်ကြားအရှေ့တောင်ပိုင်း ဒေသထဲ ၃ ကီလိုမီတာလောက်အထိ တရုတ်တပ်ဖွဲ့၀င်တွေ၀င်ရောက်လာပါတယ်။

ပန်ဂွန်ရေကန်ထိပ်ဖျားနေရာများကိုလည်း တရုတ်အစိုးရက လူတွေစေလွှတ်ထားပြီး အမှန်တကယ်ထိန်းချုပ် နယ်မြေရဲ့ တရုတ်ဘက်ခြမ်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအရှိန်မြှင့်တင်နေပါတယ်။

ပန်ဂွန်ကန်ရဲ့မြောက်ဘက်ကမ်းပါးဟာ ရှေ့ကိုထိုးထွက်နေတဲ့နေရာဖြစ်ပြီး နယ်မြေသတ်မှတ်ဖို့ ထိပ်ဖျားနေရာ တွေလို့လည်း သိကြပါတယ်။

ဂါလွမ်တောင်ကြားမှာ တရုတ်တပ်ဖွဲ့တွေထပ်ပို့တာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပိုများနေတာဟာ တရုတ်ပိုင် နယ်မြေတွေထဲမှာပဲဆောက်လုပ်နေတာနဲ့ ဆန့်ကျင်နေတယ်လို့ သတင်းရင်းမြစ်တွေကပြောတယ်ဆိုပြီး The Print သတင်းစာကဖော်ပြပါတယ်။

ဂါလွမ်မှာ အိန္ဒိယပိုင်နယ်မြေနဲ့ တရုတ်ပိုင်နယ်မြေတွေဟာ မြေပုံလဲလှယ်ထားခြင်းမရှိဘဲနဲ့ အတူတူဖြစ်နေပြီး ဒေသတွင်းမှာတင် နားလည်မှုနဲ့တည်ရှိနေတာလို့လည်း ပြောပါတယ်။

အိန္ဒိယနယ်မြေထဲမှာဆောက်လုပ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ တရုတ်နိုင်ငံရဲ့စိတ်ပိုင်းဖြတ်ထားမှုဟာ အံ့သြစရာဖြစ် နေတယ်လို့လည်းပြောပါတယ်။

တရုတ်လှုပ်ရှားမှုနဲ့ကိုက်ညီတဲ့ တပ်နေရာချထားမှုအသေးစားတွေကို အိန္ဒိယကလည်း သူ့နယ်မြေဘက်မှာ လုပ်ထားပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ကင်းလှည့်အမှတ် ၁၄၊ ၁၅ နဲ့ ဂါလွမ်တောင်ကြားကနေအရှေ့တောင်ဘက် ၈၀ ကီလိုမီ တာအကွာမှာရှိတဲ့ဂိုဂရာစခန်းတို့မှာတပ်ဖြန့်တာဟာ တောင်ကြားနဲ့ ရေကန်ကြားမှာပါ။

တရုတ်တပ်ဖွဲ့တွေဟာ အဲဒီနေရာတွေက သူတို့ပိုင်နယ်မြေတွေကို မဖြတ်ကျော်ခဲ့ဘဲ အဲဒီနယ်မြေဟာ အိန္ဒိယ ပိုင်လို့သတ်မှတ်ထားတဲ့နေရာတွေထဲ ၃ ကီလိုမီတာလောက်ရောက်နေတာကိုတော့ လက်ခံထားတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

Ref : Chinese troops challenge India at multiple locations in eastern Ladakh, standoff continues


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။