Trending Now

မြစ်ဆုံစီမံကိန်းနှင့် အစိုးရ၏ အကြပ်အတည်း

Spread the love

မြစ်ဆုံစီမံကိန်းနှင့် အစိုးရ၏ အကြပ်အတည်း
ဗိုလ်ကျ(EPN)
ဆောင်းပါး၊ ဧပြီ ၂၉
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုရက်ပိုင်းတရုတ်နိုင်ငံခရီးစဉ်ဟာ လူထုအများဆုံး စိတ်ဝင်စားမှုရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ပြောရပေမည်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ မြစ်ဆုံစီကိန်းနှင့် ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ဆွေးနွေးမလားဆိုတာကို ခန့်မှန်းသုံးသပ်ပြီး လူထုစိတ်ဝင်စားမှု မြင့်မားနေခြင်း ဖြစ်တယ်။ တကယ်လည်း လူထုက မြစ်ဆုံစီမံကိန်းကို သဘောတူဆွေးနွေးမလားလိုတဲ့ ဝေဖန်မှုတွေ ကလည်း အဆမတန်များပြားနေတာဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ မတ်လတုန်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဘယ်လိုစီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်တယ်လု့ိ ပြောကြားလိုက်ပါတယ်။ အဲဒီ ပြောကြားလိုက်ပြီး နောက်ဆက်တွဲတွေအနေနဲ့ လူထုကြားမှာ ဝေဖန်မှုတွေက ပိုမြှင့်လာသလို အခုတရုတ်ခရီးစဉ် ကိစ္စမှာလည်း မြစ်ဆုံစီမံကိန်းကိစ္စ ဆွေးနွေးမလားဆိုတာကိုတော့ လူအများက သိစေချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုတရုတ်ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ဆုံကိစ္စဆွေးနွေးခြင်း မရှိဘူးလို့ အတိုင်ပင်ခံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကနေတဆင့် ပြောလိုက်ပါတယ်။ မြစ်ဆုံစီမံကိန်း အကြောင်းတွေကို မဆွေးနွေးဘဲ တခြားအကြောင်းအရာတွေကိုသာ ပြောဆိုဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။
တရုတ်ခရီးစဉ်အတွင်းမှာတော့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဆန်တင်ပို့ရေးကိစ္စနဲ့ တရုတ်-မြန်မာဆက်ဆံရေး နှစ် ၇ဝ ပြည့်ကိစ္စတွေ ကိုသာ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒါကြောင့်မို့ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်မှာတော့ လူထုရဲ့ အမြင်မှန်းဆချက်တွေနဲ့ ကွဲလွဲ ခဲ့ပါတယ်။ တနည်းပြောရရင် လူထုရဲ့စောင့်မျှော်နေတဲ့မြစ်ဆုံစီမံကိန်းကြီးကို တည်ဆောက်မယ်၊ မတည်ဆောက်ဘူး ဆိုတာကို သဲသဲကွဲကွဲမသိရလိုက်ဘူးဆိုတာပါပဲ။ ဒါပေမယ့် လူထုကျေနပ်စေတဲ့ အဖြေတစ်ခုတော့ရှိပါတယ်လို့ ပြောရမှာပါ။ ဒါကတော့ မြစ်ဆုံစီမံကိန်းကိစ္စကို အစိုးရအနေနဲ့ အလေးအနက်ထားစဉ်းစားသုံးသပ်နေပြီး ဖြေရှင်း ဆောင်ရွက်သွားမယ့် ပုံစံတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြသွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို ချမပြဘဲ မြန်မာအစိုးရနဲ့ တရုတ်အစိုးရ နှစ်ဘက်ခေါင်းဆောင်တွေ လက်မှတ်ရေး ထိုးလိုက်တာမျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်ချိန်မှာ ပြည်သူတွေကို ချပြသွား မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အခု မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လာရင် အဓိကဆောင်ရွက်ရမှာသည် နှစ်ဖက်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်တာဖြစ်ပါတယ်။ နိုင်ငံအတွက် ကောင်းခြင်း၊ ဆိုးခြင်းကို လူထုအမြင်သုံးသပ်ချက် ထက် အစိုးရကလည်း အရေးတကြီး ဆုံးဖြတ်ဆောင်ရွက်နေရတာဖြစ်ပါတယ်။ အဲဒီအခါမှာတော့ အစိုးရအနေဖြင့်လည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်။
ပြီးခဲ့တဲ့ မတ်လ ပြည်မြို့တွေ့ဆုံပွဲမှာ စီမံကိန်းနှင့်ပတ်သက်ပြီး ဘယ်သူပြောတာမှ နားယောင်ပြီးတော့ ဟိုလူပြောတာ နားယောင်ပြီး တော့ ကျွန်မတို့စီမံကိန်းတွေနဲ့ စဉ်းစားရင် ဘယ်ဘက်က စဉ်းစားရလည်းဆိုတော့ ကျွန်မတို့က စီးပွားရေးဘက်ကလည်း စဉ်းစားရတယ်၊ လူမှုရေးဘက်က လည်းစဉ်းစားရတယ်၊ နိုင်ငံရေးဘက်ကလည်း စဉ်းစား ရတယ်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဘက်ကလည်း စဉ်းစားရတယ်၊ တစ်ခုတည်းကိုစဉ်းစားလို့မရဘူး။ တစ်ခုတည်း ကိုစဉ်းစားရင် မှားပါလိမ့်မယ်။ လို့ နိုင်ငံတော်အတိုင်ပင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အခုနောက်ပိုင်းရက်တွေမှာ ဒေသခံတွေအချို့၊ ဘာသာရေးခေါင်းဆောင်တွေ၊ သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေသူတွေက ဦးဆောင်ပြီး မြစ်ဆုံစီမံကန်း အပြီးတိုင်ဖျက်သိမ်းရေးကို တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေကနေ ကြည့်ရှုဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒေသခံတွေကို မတ်လဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
အစိုးရ တရပ်အနေနဲ့ နိုင်ငံအတွင်းမှာ တည်ဆောက်မယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကို လုပ်ခွင့်ပေးမ ပေးဆိုတာဟာ အလွယ်လေးတွေးပြီး လုပ်ရတဲ့ကိစ္စတရပ်မဟုတ်ပါဘူး။ သေချာ စနစ်တကျ စီမံရေးဆွဲ ပြီးမှ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ့် စီမံကိန်းတွေကိုသာ ခွင့်ပြုပေး ရတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့နဲ့ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့ ဘဝတိုးတက်ပြောင်း လဲဖို့သည် နိုင်ငံရဲ့ စီးပွားရေးတိုးတက်ခြင်းဖြစ်ပါတယ်။ အဲဒီ စီးပွားရေးတိုးတက်ပြောင်းလဲခြင်းအတွက် ပြည်တွင်း၌ ပြည်ပရင်းနှီးမြုပ်နှံမှုတွေရှိရပါမယ်။
ယနေ့ခေတ် စက်မှုအတတ်ပညာတိုးတက်နေတဲ့ခေတ်မှာ ဘယ်အရာကိုပဲ အသုံးပြုလိုသည်ရှိသော် လျှပ်စစ်စွမ်းအင် သည်သာ အဓိက ကျတယ်။ လျှပ်စစ်စွမ်းအင်မရှိရင် ဘယ်ယန္တရားမှလည်ပတ်လို့ မရတဲ့ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ နိုင်ငံတိုးတက်ပြောင်းလဲဖို့သည် လျှပ်စစ်စွမ်းအင် လုံလောက်စွာ ထုတ်လွှတ်အသုံးပြုနိုင်မှုသည် အရေးကြီး တရပ်ဖြစ်ပါတယ်။ ဒီလို နေရာအများစုမှာ အသုံးလိုနေတဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်ကနေရရှိမှာလဲဆိုတဲ့ အချက်ကို ထည့်တွက်စဉ်းစားဖို့ လိုပါတယ်။
ဒါကြောင့် အခုမြစ်ဆုံစီမံကိန်းကြောင့်သည် လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ကို ထုတ် ယူသုံးစွဲနိုင်ပြီး ယင်း မြစ်ဆုံစီမံကိန်း တည်ဆောက်ပြီးစီးပါက ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအချို့ဒေသများတွင် မီးလင်းပြီး ဒေသဖွံ့ဖြိုးလာမယ် လို့ ACHC/ SPIC ကုမ္ပဏိက တာဝန်ရှိသူတွေနှင့် သိကျွှမ်းသူများက အခိုင်အမာပြောဆိုပါတယ်။
အဲလို နိုင်ငံအတွက် အကျိုးရှိစေတဲ့ စီမံကိန်းတစ်ခုကို အစိုးရကလည်း သေချစိစစ်ပြီး ဆုံးဖြတ်မှာဖြစ် တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ စီမံကိန်းကို ကန့်ကွက်နေတဲ့ လူတွေရှိသလို ထောက်ခံပေးမယ့်လူလည်းရှိနေတဲ့ အတွက် ကြောင့် မိမိသည် မည်သည့်ဘက်မှာ ရပ်တည်မလဲဆိုတာကို သေချာ လေ့လာစိစစ်ရွေးချယ်မှုကသာ အဓိကကျပါ တယ်။
အခု ရက်ပိုင်းမှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လှုပ်ှရှားမှုအပြင် နောက်ပိုင်းတွင်မှာ ဧရာဝတီကို ပြန်ရွေး မယ်ဆိုတဲ့ စကားရပ်အသုံးအနှုန်းပါ ပြောကြပါတယ်။ ဒီလိုပြောဆိုခြင်းသည် ဧရာဝတီဟာ သူတစ်ပါးရဲ့ လက်အောက်ထဲ ရောက်နေပြီဆိုတဲ့ သဘောတက်ရောက်နေပါတယ်။ ဒီလို အသုံးအနှုန်းတွေကို သုံးစွဲ သူတွေက ဒီအသုံးအနှုန်းသည် ဘယ်လိုကြောင့် သုံးစွဲပြောနေသလဲဆိုတာသိဖို့ လိုသလို တချို့အနေကလည်း ဒီစကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ဖေါ်တတ်ဖို့လိုပါတယ်။
မြစ်ဆုံစီမံကိန်းကို လုပ်ခြင်း၊ မလုပ်ခြင်းကို ဆုံးဖြတ်ရမှာသည် ပြည်သူလူထုက ရွေးချယ်တင်မြောက် ထားတဲ့ လက်ရှိအစိုးရသာ ဖြစ်ပါတယ်။ အကယ်၍ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် နိုင်ငံရေးအကြပ်အတည်း၊ လူမှုရေးအကြပ်အတည်း၊ စီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြပ်အတည်းတွေ ဘယ်လိုရှိမလဲ။ ဆက်မလုပ်ရင် အဲဒီအကြပ်အတည်းတွေရှိလာမလားဆိုတာကို အစိုးရအနေဖြင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်စီရပ်တည်မှုသည် အများအတွက် အဆိုးဘက်ကလား၊ အကောင်းဘက်ကလားဆို တာကို သေချာဆုံးဖြတ်ရပ်တည်ဖို့လိုပါတယ်။ သူများပြောတိုင်း၊ သူများလုပ်တိုင်း နားမယောင်ဖို့လိုပါ တယ်။ ဒါကြောင့် ကိုယ့်ရဲ့ တွေးခေါ်ဆင်ခြင်တုံတရားနဲ့  သေချာပိုင်းခြားနားလည်သဘောပေါက်စွာ အသုံးချဖို့လိုတဲ့အတွက် လိုပါ တယ်။ ကိုယ့်ရဲ့ မှားယွင်းစွာ အသုံးချတတ်မှုက အစိုးရရဲ့ အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့အတွက်  အကြပ် အတည်း ဖြစ်စေပါတယ်။ ဒါကြောင့် နိုင်ငံကြီးတိုး တက်ပြောင်း လဲမှုသည် လူထုနှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်မှ ရသည့် အတွက် မိမိရွေးကောက်တင်မြောက်ထားသော အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။
သို့မှသာ ဒီမိုကရေစီအရွေ့နှင့်အတူ နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ရရှိဖို့ကလဲ အဓိက အခန်းကဏ္ဍဖြစ်တယ် ဆိုတာကို သတိမူမိကြဖို့ဖြစ်ပါတယ်။
ဗိုလ်ကျ
 —————————————————-
 


ဗိုလျကြ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။