Trending Now

ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၅၆၀၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရ

Spread the love

ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၅၆၀၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရ

EPN
ပဲခူး၊ အောက်တိုဘာ ၉ (၂၀၂၃)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမှုကြောင့် ဒေသခံ လူဦးရေ ၅၆၀၀ ကျော်အား ကယ်ဆယ်ရေးစခန်း ၂၂ ခု သို့ ယာယီ ပြောင်းရွှေ့ပေးထားရကြောင်း တာဝန်ရှိသူများထံက သိရသည်။

ပဲခူးမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက်က စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ပဲခူးမြို့ပေါ်ရှိမြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူဦးရေ ၅၆၀၀ ကျော်အားယာယီကယ်ဆယ်ရေးစခန်း ၂၂ခု ဖွင့်ကာ ပြောင်းရွှေ့ပေးထားရကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောသည်။

“ဒီမနက်မှာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာ ၃ ခု အိမ်ထောင်စုကတော့ ၁၂၆၁ စု၊ လူဦးရေကတော့ ၅၆၄၈ ဦးကို ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေမှာဖွင့်ထားတဲ့ စောင့်ရှောက် ရေးစခန်း ၂၂ ခုမှာ ရွှေ့ပြောင်းထားရတယ်။ လူတွေ ထိခိုက် သေဆုံးတာ မရှိပါဘူး။”ဟု ၎င်းက ဆက်ပြောသည်။

ပဲခူမြို့နယ်အတွင်း မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး ယခင်က အမြင့်ဆုံးစံချိန်အဖြစ် ၉၆၀ စင်တီမီတာအထိတက်ခဲ့ ဖူးသော်လည်း ယနေ့ အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ၉၇၀ စင်တီမီတာအထိ မြစ်ရေမြင့်တက်လာကာ စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများ၏ လတ်တလော စားဝတ်နေ ရေး အတွက် ပဲခူးတိုင်းအစိုးရအဖွဲ့အပါအဝင် ဒေသခံ စေတနာရှင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ပဲခူးမြို့၊ မိုင်တိုင်အမှတ် ၃၉ မီနီတိုးဂိတ် အနီး ရန်ကုန်-မန္တလေးအမြန်လမ်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကာ လမ်းအသုံးပြုသည့်ယာဉ်များ အနေဖြင့် သတိထားသွားလာနေရကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။