Trending Now

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ ကြိုတင်စာရင်းပေးသွင်းထားသူ များပြားနေ

Spread the love

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ ကြိုတင်စာရင်းပေးသွင်းထားသူ များပြားနေ

EPN
မန္တလေး၊ နိုဝင်ဘာ ၆ (၂၀၂၃)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်မည့်သူများမှ ပြင်ဦးလွင် မြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား ကြိုတင် စာရင်းသွင်းထားသူ များပြားနကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ (၁၇)ကြိမ်မြောက် ပြင်ဦးလွင်မြို့ ၊ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို မဟာအံ့ ထူးကံသာဘုရား မီးပုံးပျံကွင်းကြီး အတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မီးပုံးပျံပွဲတော်သို့ လာရောက်မည့်သူ များသည် ပြင်ဦးလွင်မြို့ရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ၌တည် ခိုနေထိုင်ရန်ကြိုတင်စရင်းပေးသွင်းထားမှုများပြားလျက် ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှတာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

”အခုနှစ် တန်‌ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ မိုတယ်တွေ မနှစ်ကထက် အခန်း ကြိုတင်စာရင်းသွင်း ယူထားလာပါတယ်။ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ဟိုတယ်လုပ်ငန်းရှင်တွေကလည်း စနစ်တကျကြိုတင်ပြင်ဆင် ထားပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ရက်များအတွင်း နေ့ပိုင်းအစီအစဉ်အဖြစ် နေ့အရုပ် မီးပုံးပျံ အလှ လွှတ်တင်ပူဇော်ခြင်း၊ ညပိုင်းအစီအစဉ်အဖြစ် ညမီးကျည်၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ မဟာအံ့ထူးကံသာ ဘုရားမသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် ဆီမီး ၉၀၀၀ ပူဇော်ပွဲပါ ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အား ကိုဗစ်-၁၉ရော ဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့၌ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင်က ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ သိန်းချီ လာရောက်လည်ပတ်လေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။